Part 88 💚❤ (Husband 👦 and Husband 👨)

14K 1.6K 145
                                    

💓

Husband 👦 and Husband 👨
Tongue 👅 and Teeth 🦷

💚❤

"ညစာ မစားပဲမ​နေနဲ့​နော်​ ဘယ်​သွားသွား ချီစန်းကိုလဲ ​ခေါ်သွားဦး"

"အင်း!!!"

ဝမ်​ရိ​ပေါ်ရဲ့ အသံ​နေအသံထားက ​လေးပင်​​နေခြင်း​လဲမဟုတ်​ ပျင်းရိ​နေခြင်းလဲမဟုတ်​ ။ စာရွက်​တွင်​ ​ဘောပင်​နဲ့ ​လျောက်​ခြစ်​ရင်း ​ရှောင်းကျန့်​မျက်​နှာကို မြင်​​ယောင်​လာကာ ဝမ်​ရိ​ပေါ်ရဲ့ ပြုံး​နေသည့်​ မျက်​နှာက တည်​တံ့သွား​တော့သည်​ ။ တဖက်​က ​သူ့လူသားအသံကြားရင်​ လွမ်းစိတ်​​ပြေမယ်​လို့ ထင်​​နေခဲ့ပင်​မယ့်​ ပိုပိုပြီး လွမ်း​နေမိတယ်​ ။

"မအားဘူးလား"

"အားတယ်​ အားတယ်​ အားတယ်​ အားတယ်​ အားတယ်​ အားတယ်​"

"​ဖြေး​ဖြေး​ပြောပါကွာ"

"ကိုကို က ကျွန်​​တော့်​ကို စိတ်​မပူဘူးပဲ"

တိုးလှသည့်​ ​လေသံ​ပြေ​ပြေ​လေးနှင့်​သာ ဝမ်​ရိ​ပေါ် ​ပြောလိုက်​မိတယ်​ ။ တကယ်​ကို စိတ်​ထိခိုက်​မိသွားတာ ။ သူ့ရဲ့အ​ပြောက ​ရှောင်းကျန့်​ကို တုန်​လှုပ်​​စေခဲ့တယ်​ ။

".... အမ်​ ..... ဘာလို့ "

"ဟုတ်​တယ်​​လေ ကိုကို့သားကိုပဲ သွား​လေရာ​ခေါ်သွားခိုင်း​နေတာ​လေ"

"​စန်းစန်းကိုမထည့်ပဲ ​​​​အော့​အော့ကို​တောင်​ ထည့်​လိုက်​ချင်​တာ"

"ဘာဖြစ်​လို့"

"သူဆို မင်းရှုပ်​မ​ရှုပ်​ ​ကြောင်​မ​ကြောင်​ကို အကုန်​ပြန်​​ပြောမှာ​လေ"

ဝမ်​ရိ​ပေါ် ပြုံးမိလိုက်​တယ်​ ။
"ဒါဆို ကိုကိုက က​လေးကို စိတ်​မပူပဲ ကျွန်​​တော့်​ကို စိတ်​ပူတာ​ပေါ့"

"ကိုကို့က​လေးကိုပဲ စိတ်​ပူတာ​လေ"

"ကျွန်​​တော့်​က ကိုကို့က​လေးမဟုတ်​ဘူးလို့ ​ပြောတာလဲ အခါခါရှိပြီ​နော်​"

မျက်​နှာ အမျိုးမျိုး​ပြောင်း​နေသည့်​ ဝမ်​ရိ​ပေါ်ကို ကြည့်​ကာ ဝမ်​ချီစန်း​ခေါင်းခါလိုက်​သည်​ ။ လက်​​ဆော့ထားသည့်​ စာရွက်​မှာ အပိုင်းပိုင်းပျက်​​နေပြီ ဖြစ်​တာ​ကြောင့်​ ဝမ်​ချီစန်း ထကာ ​နောက်​တ​ရွက်​ကို Print ထပ်​ထုတ်​​လိုက်ေ​တာ့သည်​ ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now