💓
Funeral Ceremony
💚❤
ဆိုင်ရာ ဆိုင်ရာ အသိတွေ အမျိုးတွေလာပင်မယ့် ဝမ်ရိပေါ်လာစေချင်တဲ့ တဦးတယောက်ကတော့ ရောက်မလာခဲ့ဘူး ။ ဂူသွင်းခါနီးထိ မငိုသေးတဲ့ ဒီကလေးကို ရှောင်းကျန့်ငိုလိုက်ပါလို့လဲ ပြောလိုက်ဖို့ စကားလုံးတွေ ထွက်မလာခဲ့ဘူး ။
မဆိုင်တဲ့ မုန့်ဇီယီငိုလွန်းအားကြီးလို့ ဝမ်ကျိုးချန်ချော့နေရသည်မှာလဲအခါခါ ။ ကလေးတွေကတော့ ပျော်နေကြတာပေါ့ ။ အဘိုးအဘွားသေရင် မြေးတွေက ပျော်တယ်ဆိုတဲ့စကား သိပ်မှန်တယ် ။
ဒီလို ကွင်းပြင်ထဲမှာ Wifi မိမမိ လောင်းနေတဲ့ ကလေးသုံးယောက်ကလဲ တခွီးခွီးနဲ့ ။ ကော်ဖီတယောက်တဗူးနဲ့ ရယ်ပွဲကြနေတဲ့ ကလေးတွေကိုတော့ ဟန့်တားမယ့်လူတော့မရှိပါဘူး ။ သူတို့က ငယ်လွန်းပါတယ် ။ ဘာသိမှာမို့လို့လဲ ။
အုတ်ဂူလုပ်ဖို့ ပြောရင်း ဝမ်ရိပေါ်နဲ့သင်္ချိုင်းလူကြီးတွေ ကတောက်ကစဖြစ်လာတယ် ။ ဘယ်သူ့ဘက်က ကြည့်ကြည့် ဒီကိစ္စက မှန်နေတော့လဲ ကြားဝင်ဖြေရှင်းပေးမယ့်လူက ရှိမနေ ။
"သူက ဟွမ်မှတ်လား ဒီဝမ်မျိုးရိုးတွေကြား သူ့ကို ထားလို့မရဘူး"
ခံစားချက်မဲ့နေတဲ့ မျက်နှာနဲ့ဝမ်ရိပေါ်က ...
"သူက ကျွန်တော့်ကို မွေးပေးထားတာလေ""ဒါပင်မယ့် ယောင်ရှိနဲ့ ကွာရှင်းထားတာမှတ်လား သူ့ကို သင်္ချိုင်းစောင့်က ဝင်ခွင့်ပေးမှာမဟုတ်ဘူး"
ဝမ်ရိပေါ် ဒေါသမထွက်မိအောင် စိတ်ကို အောက်ဆုံးအထိဆွဲချထားရင်း ...
"သေသွားရင် ဘယ်သူကရော သက်ဆိုင်တော့လို့လဲ""ဒါကသေသွားမှပါ အခုက သက်ရှိထင်ရှားအချိန်တုန်းက ကိုယ့်မျိုးရိုးကိုပြန်ယူထားတာ မတူဘူး"
"ကျွန်တော့်ကို မွေးထားတဲ့ အမျိုးသမီးတယောက်ကိုတော့ ဒီနေရာတခုတော့ ပေးသင့်တယ်မဟုတ်ဘူးလား"
VOCÊ ESTÁ LENDO
Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)
RomanceTitle - Family with lots of love 💚❤ ( Until you fall in love's season II ) ( Part 1 to 190) A wonderful family of three twins and two fathers . Main couple - Wang Yibo & Xiao Zhan Three twins - Wang Qiyi , Wang Qier ,Wang Qisan Ty...