Part 34 💚❤ (💔Broken💔)

18.6K 1.4K 151
                                    

💓

💚❤

"ကျန့်​ကျန့်​ ရိ​ပေါ် အလုပ်​သွားပြီလား"

"ဟုတ်​ မား ခဏကပဲ သွားတာ"

ဝမ်​ချီစန်းငို​နေသည်​ကို ​ချော့​နေရင်းပင်​ ဟွမ်​ကျိုးရင်​ကို ​ရှောင်းကျန့်​ပြန်​​ဖြေမိသည်​။ဒီ​နေ့ ဘာလို့အဲ့​လောက်​ငို​နေတာလဲချီစန်းရယ်​.....။

"ကျန့်​ကျန့်​ သတင်းစာသွားယူ​ပေးပါလား"

"ဟုတ်​"

ဝမ်​ချီစန်းကို ချီကာ ခြံ​ရှေ့သို့ ထွက်​၍ သတင်းစာကို ​ကောက်​ယူလိုက်​သည်​။စာတိုက်​ပုံးထဲတွင်​ စာအိတ်​တခု။

ရှောင်းကျန့်​ယူကာ ဖွင့်​​ဖောက်​ကြည့်​လိုက်​သည်​။

ရှောင်းကျန့်​ ငယ်​ထိပ်​ တည့်​တည့်​ မိုးကြိုးပစ်​ခံလိုက်​ရသလိုဖြစ်​သွားရသည်​။

Romance ဆန်​သည့်​ ပန်း​တွေအကြား ပန်း​ရောင်​ မီး​သီးများ​အောက်​တွင်​ လူအများ​ရှေ့တွင်​ ရိုက်​ထားသည့်​ ဓာတ်​ပုံ။
ဝမ်​ရိ​ပေါ်အနားတွင်​ ပန်းစည်းကိုင်​ထားသည့်​ သူမ။
ဝမ်​ရိ​ပေါ်၏အပြုံး။သူမ သူ့က​လေးကိုကြည့်​​နေသည့်​အကြည့်​။
ဒီစားပွဲဝိုင်း​တွေက ကျိုးဝမ်​ Hotel က စားပွဲဝိုင်း​တွေ။

"ကျန့်​ကျန့်​ ဘာကြည့်​​နေတာလဲ"

ဓာတ်​ပုံကို ညာလက်​ဖြင့်​ လုံး​ချေကာ ကိုယ်​​နောက်​တွင်​ ဖွက်​ထားလိုက်​သည်​။

"ဘာမှမဟုတ်​ဘူးမား"

ရှောင်းကျန့်​အိမ်​ထဲဝင်​ကာ ဟွမ်​ကျိုးရင်​ကို သတင်းစာ​ပေးလိုက်​ပြီး လှည့်​အထွက်​တွင်​....

"ကျန့်​ကျန့်​ မားမားညကျရင်​ ကျိုးချန်​တို့အိမ်​သွားမယ်​"

"ဒါဆို မား"

"အင်း"

"ဟို​လေ သား​တွေကို ​ခေါ်သွား​ပေးပါလား"

ဟွမ်​ကျိုးရင်​ တချက်​ပြုံးလိုက်​သည်​။

"မဟုတ်​ဘူး​နော်​မား ကျွန်​​တော်​တို့ ရန်​ဖြစ်​စရာ​လေးရှိလို့ အဲ့ဒါ..."

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Onde histórias criam vida. Descubra agora