Part 56 💚❤ (Good luck has begun)

15.6K 1.3K 116
                                    

Good luck has begun

💓

💚❤

"ရိ​ပေါ် နင်​စဉ်းစား​နော်​ အသည်းမရှိပဲ လူတ​ယောက်​က အသက်​မရှင်​နိုင်​ဘူး​နော်​ ငါစီနီယာကို ​ဖောင်​​ဒေးရှင်းဘက်​ စုံစမ်းခိုင်းပါ့မယ်​ဟာ အချိန်​​တွေရှိပါ​သေးတယ်​"

မုန့်​ဇီယီစိတ်​ပူစွာ​ပြော​နေ​သော်​လည်း ဝမ်​ရိ​ပေါ်က ဆုံးဖြတ်​ချက်​ချပြီး​နေသလိုပင်​။ခုံ​ပေါ်သို့ ဝမ်​ရိ​ပေါ်လက်​ဆန့်​ကာတင်​လိုက်​ပြီး အင်္ကျီကို ဆွဲတင်​လိုက်​သည်​။

"​သွေး​ဖောက်​မယ်​မှတ်​လား ​ဖောက်​​တော့ လျှာမရှည်​နဲ့"

မုန့်​ဇီယီ​ဆောင့်​​အောင့်​ကာပင်​ ဝမ်​ရိ​ပေါ်၏ လက်​​မောင်းကို စည်း​ပေးလိုက်​ပြီး ​သွေး​ဖောက်​ဖို့ အပ်​ထည့်​​တော့သည်​။

"​ဖြေး​ဖြေးလုပ်​ပါဟာ"

"နင်​​သေရင်​ ငါမငိုဘူးရိ​ပေါ်"

"နင့်​လဲမငိုခိုင်းဘူး"

မုန့်​ဇီယီ သက်​ပြင်းရှည်​ကြီးချလိုက်​သည်​။

အချစ်​ကြီးရင်​ ခွဲခွာရမှာပဲလားဟာ......။

💚❤

လူနာမှတ်​တမ်းစစ်​​နေရင်းပင်​ ဂျူတီကုတ်​ထဲမှ ဖုန်းမြည်​လာတာ​ကြောင့်​ မုန့်​ဇီယီ ​ဘောပင်​ချကာ ကိုင်​လိုက်​သည်​။

"စီနီယာ မနက်​ဖြန်​​ရောက်​မှာလား"

ဖုန်း စကိုင်​ခြင်းတွင်​ပင်​ မုန့်​ဇီယီ မနားတမ်း​မေးလိုက်​တာ​ကြောင့်​ မာထျန်းယီ အံ့ဩသွား​တော့သည်​။သူ့ကို ပြန်​လာဖို့ မ​မျှော်​လင့်​တဲ့သူ​လေ။သူနဲ့ဆို မုန့်ဇီယီ​အမြဲတမ်း ဆူဆဲ​ခံ​နေရတာမဟုတ်​လား။

"နားနား​နေ​နေ ​မေးပါဇီယီရယ်​ ငါ​မေးမလို့ ဒီမှာ ငါ့ဆီ စာ တ​စောင်ေ​ရာက်​လာလို့"

"ခဏ​လေး ကျွန်​မအရင်​​ပြောမယ်​ ရိ​ပေါ်သားအလတ်​​ကောင်​သိတယ်​မှတ်​လား သူ​ဆေးရုံတင်​ထားရတယ်​"

"အဲ့ဒါငါ့ကို ဘာလို့​ပြော​နေလဲ က​လေးအထူးကုနဲ့ပြခိုင်းလိုက်​​လေကွာ"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now