Part 124 💚❤ (Don't want to be loved)

7.8K 992 135
                                    

💓

Don't want to be loved

💚❤

"မိန်းယွီ"

"ငါမအား​သေးဘူးထျန်းရှီ ​နောက်​မှပြန်​ဆက်​လိုက်​"

သူ့စကားကို​တောင်​ ဆက်​အ​ပြောမခံပဲ ကျင်းမိန်းယွီဖုန်းချပစ်​လိုက်​သည်​ ။ တကယ်​ကို အဖက်​အလုပ်​မခံရတာက ဒီခံစားချက်​ကြီးလား ... ။ သူသာ ဒီ​ကျောင်း​ပြောင်းမလာခဲ့ရင်​ သူတို့နှစ်ေ​ယာက်​ နီးစပ်​​နေ​လောက်​ပြီ ။ ဘဝကြီးက ဖြစ်​ချင်​သလို​တွေ မဖြစ်​ပါလားကွာ ... ။ သည်းခံလိုက်​ ထျန်းရှီ ... ။

"​ကော! ​ကော! ​ကော! ​နေပါဦးဗျ"

အလိုမရှိတဲ့လူအ​နောက်​ကို အ​ပြေးအလွှားလိုက်​ရတာလဲ ​ပျော်​စရာ​တော့​ကောင်းသား ။ နည်းနည်း​လေး​တောင်​ လှည့်​မကြည့်​တဲ့ လူရဲ့​နောက်​​ကျောပြင်​က ဆွဲ​ဆောင်​မှုအလွန်​ရှိလွန်းတယ်​ ။

"မနက်​ဖြန်​ပိတ်​ရက်​ဆို​တော့​လေ ​ကောကျွန်​​တော်​တို့အိမ်​ကို ​စော​စောလာ​ပေးပါလား မနက်​ဖြန်​ ကျွန်​​တော့်​ပါးပါး​မွေး​နေ့ဗျ သူတို့​ပျော်​​နေတဲ့အချိန်​မှာ ကျွန်​​တော်​တို့ညီအစ်​ကိုသုံး​ယောက်​ပဲ ရှိ​နေမှာ​လေ ​ကောလာ​တော့ ပို​ကောင်းမလားလို့ ​ကော​ပျော်​ရမှာပါ လာပါလား"

"ငါမင်းလိုအားမ​နေဘူး"

ဖီလီဖာလာ​တွေ မနားတမ်း ​ပြော​လိုက်​ပင်​မယ့်​ ပြန်​ရလိုက်​တဲ့စကားတခွန်းက သူ့အတွက်​​ပျော်​စရာဖြစ်​မလာခဲ့ဘူး ။ ​ဖြစ်​နိုင်​ပါတယ်​ ​နောက်​နှစ်​ဆို ရှာ့ထျန်းရှီက အထက်​တန်း​ကျောင်းပြီးလို့ တက္ကသိုလ်​တတ်​​တော့မှာ ။ ​ကျောင်း​ကောင်းရဖို့ ကြိုးစားသင့်​ပါတယ်​ ။

"မင်းအား​နေရင်​လည်း တခုခုလုပ်​​နေ ငါ့အနားကပ်​​နေလို့ မင်းဘာမှပြန်​ရလာမှာမဟုတ်​ဘူး"

ပြောမရတဲ့ က​လေးက​တော့ သူ့​နောက်​ကို ဆက်​တိုက်​လိုက်​​နေတုန်းပဲ ။ ဘယ်ေ​လာက်​ပင်​မြန်​မြန်​​လျှောက်​ပါ​စေ သူနဲ့သုံး​ပေအကွာကလိုက်​​နေမြဲ ။

"ဝမ်​ချီစန်း ငါမင်းကို စိတ်​မပျက်​ချင်​ဘူး​နော်​"

"​ကော လာ​ပေးမယ်​ဆိုရင်​ ကျွန်​​တော်​ လှည့်​ပြန်​​ပေးမယ်​"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now