Part 149 💚❤ (Competition day)

4.9K 817 57
                                    

💓

Competition day

💚❤

တဖက်​မှာ​တော့
Training Roomက​နေည၁၂နာရီ​လောက်​အချိန်​ကြမှ  ဝမ်​ချီရီအိမ်​ပြန်​​လာသည်​ ။
တိတ်​ဆိတ်​​နေတဲ့​ပတ်​ဝန်းကျင်
မဲ​မှောင်​​မှောင်​​ကောင်းကင်​ကျယ်​မှာ
လမင်းဆိုသည့်အရာ​​ကလည်း
ဘယ်​ဆီဘယ်​ဝယ်​မှာမှန်းမသိနိုင်​​အောင်
တိမ်​သား​တွေက ဖုံးအုပ်​ထားတယ်​ ။
မိုးစက်​​တွေကလဲ တ​ဖျောက်​​ဖျောက်​ကျ​နေ​သေးသည်​ ။
ဝမ်​ချီရီအိမ်​​ရှေ့ကို​ရောက်​​တော့
အိမ်​​ရှေ့အုတ်​ခုံညိုညိုမှာ ညီနှစ်​​ယောက်​က သူ့ကို ထိုင်​စာင့်​​နေကြသည်​ကို ​တွေ့လိုက်​သည်​ ။
သေးငယ်​လှတဲ့ ​ခဲတလုံးကို ​ဘယ်​ညာကန်​ရင်း တ​တောက်​​တောက်​နဲ့ပြန်​လာတဲ့ဝမ်​ချီရီကို သူတို့ကမြင်​​တော့ ထိုင်​​နေရာမှ ထလာကြသည်​ ။

အငယ်​ဆုံးပီပီ ဝမ်​ချီစန်းက အကြီးဆုံးဖြစ်​တဲ့သူ့ကို ဦး​အောင်​ဆူသည်​ ။
"ဘာလို့ခုမှပြန်​လာတာလဲ မ​နက်​ ပြိုင်​ပွဲရှိတယ်​မှတ်​လား အိပ်​​ရေးဝ​နေမှဖြစ်​မှာ​ပေါ့"

ဝမ်​ချီ​အော့ကလည်း ​ဘောင်းဘီအိတ်​ထဲက လက်​သုံး​လုံးစာ​လောက်​ဗူး​ကွေး​ကွေးလးကို ထုတ်​ပြီး ဝမ်​ချီရီကို ​ပေးလိုက်​​တယ်​ ။
"ရှန်းလူ​ပေးလိုက်​တာ မင်းအတွက်​တဲ့"

လက်​ထဲ​ရောက်​လာ​တဲ့ ဗူးငယ်​​ကို ဝမ်​ချီရီဖွင့်​ကြည့်​​တော့ ဗူးထဲမှာ လက်​​ဝှေ့သမား​တွေသုံး​နေကြ အံကပ်​​လေးတခု ။ 'ဘာလဲ ဒီအ​ပျော်​ပွဲက ဒါ​တွေမှမလိုတာ' လို့ဝမ်​ချီရီ​တွေးလိုက်​ပင်​မယ့်​ စိတ်​ပူ​နေတဲ့ဝမ်​ချီ​အော့က​တော့ မဖြစ်​မ​နေတတ်​သွားဖို့တိုက်​တွန်းသည်​ ။
"သ​ကောရာ လိုရမယ်​ရ​တော့တတ်​သွားပါ ဟိုမှာ ဘယ်​သူ​တွေပါမှန်းလဲမသိပဲနဲ့"

တုံ့ဆိုင်းမ​နေပဲ ဝမ်​ချီရီ ဗူးကိုပြန်​ပိတ်​ကာ အိတ်​ထဲကိုထည့်​လိုက်​သည်​ ။ ဝမ်​ချီရီလက်​ထဲ ဘယ်​စက်​ပစ္စည်း​ရောက်​​ရောက်​ အလိုလိုပျက်​စီးတတ်​သလို ရန်​ဖြစ်​ရင်​လဲ အထိုးခံရတဲ့လူက ဒဏ်​ရာမရသူက ခက်​ရှားရှားရယ်​ ။ သူ့အ​ကြောင်းလည်း သူကိုယ်​တိုင်​သိတာ​ကြောင့်​ သူ့ကိုယ်​သူ​တောင်​ လက်​ပျက်​ကြီး လို့​ နာမည်​​ပေး​ထားသူ ။
"ငါလူစာရင်းကြည့်​ပြီးပြီ ​ထွေ​ထွေထူးထူး ဘာ​ကောင်​ကြီးမှမပါဘူး ​နောက်​ပြီး မင်းတို့အစ်​ကိုရဲ့လက်​က ဘာလက်​လဲဆိုတာ​မေ့သွားပြီလား"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Tempat cerita menjadi hidup. Temukan sekarang