Part 19 💚❤ ( Born 🤯 )

25.4K 1.6K 130
                                    

💓

💚❤

"ချက်​​ပျောက်​ရင်​ ​မွေးခါနီးပြီတဲ့ တကယ်​ကို ကိုကိုချက်​​ပျောက်​​နေတာပဲ"

တ​နေ့တခြား​ကော့ပြန်​လာသည့်​ ​ဗိုက်​ကိုအသာပွတ်​ရင်​ ခါး​ထောက်​ကာပင်​...
"ရိ​ပေါ် ​ကောဗိုက်​က​လေ ပုံမှန်​မဟုတ်​ဘူးထင်​တယ်​"

"ဒါ​ကြောင့်​​ပြောပါတယ်​ အမ်​တရာ​ဆောင်းရိုက်​ပါလို့ဆို"

"ရိုက်​တာပဲ​လေရိ​ပေါ်ရယ်​"

"ကျွန်​​တော်​မှ မမြင်​ရတာ အမြွှာ​တွေဘာ​တွေဖြစ်​ချင်ဖြစ်​​နေမှာ​ပေါ့ ဟို​နေ့က ကျိုးချန်​နဲ့ယွီပင်း​တောင်​ ကိုကို့ဗိုက်​ကို ကြည့်​ပြီးအမြွှာလို့ထင်​​ကြေး​ပေး​နေကြ​သေးတာ"

"ရိ​ပေါ် မင်းစီနီယာက ထူးခြားရင်​ ​ပြောမယ်​လို့​ပြောထားတာပဲ​လေ အခုက ပုံမှန်​ထပ်​ကြီး​နေလို အထဲကက​လေးတအားထွား​နေတာပဲလားမသိဘူး"

"ကိုကို စိတ်​ခု​နေရင်​ စီနီယာကို ​မေးလိုက်​ပါလား ​ယောက်ျား​လေးလား မိန်းက​လေးလားဆိုတာကို"

"ရိ​ပေါ်​တော်​​တော့ ဗိုက်​အင့်​ရတဲ့အထဲ မင်းကတ​မှောက်​ အဲ့ဟာပဲသိချင်​မ​နေနဲ့"

"ကိုကိုကလဲ ကျွန်​​တော်​တို့က​လေးပဲ သိချင်​တာ​ပေါ့"

"​တော်​စမ်းပါရိ​ပေါ်ရာ မင်းအ​ကြောင်းမသိရင်​ခက်​မယ်​ ​ပေါင်းလာတာလဲကြာပြီ သိလာတာလဲကြာပြီး အာရိုးရိုး! ငါ့ကိုထူဦး"

တံခါးတွင်​ မှီကာ လက်​ပိုက်​ရပ်​​နေရင်းမှ ​ရှောင်းကျန့်​ဆီလာကာ ချိုင်းကာမ၍ထူ​ပေးလိုက်​သည်​။
"အဲ့ဒါ​ကြောင့်​​ပြောပါတယ်​ အမ်​ထရာ​ဆောင်း​လေး တပုံ​လောက်​​တော့ကြည့်​မယ်​လို့"

"မဆိုင်​တာ​တွေပါကွာ"

အခန်းထဲတွင်​ နာရီဝက်​မျှ လမ်းပတ်​​လျှောက်​​နေလိုက်​သည်​။ဝမ်​ရိ​ပေါ်မှာ​တော့ ကုတင်​​ပေါ်တွင်​ ဒူးဖက်​ကာထိုင်​​နေပြီး ​ရှောင်းကျန့်​၏မျက်​နှာကို မျက်​​တောင်​မခတ်​တမ်းကြည့်​​နေ​လေသည်​။ဗိုက်​ထဲက ​အောင့်​​တောင့်​​တောင့်​ဖြစ်​၍ မျက်​နှာ​လေးမဲ့သွားလျှင်​ပင်​ ဝမ်​ရိ​ပေါ်မှာ ထိုင်​ရမလို ထရမလိုဖြင့်​ ကမ္ဘာပျက်​၍​နေ​တော့သည်​။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now