Part 132 💚❤ (Love is always fresh)

5.9K 922 82
                                    

💓

Love is always fresh

💚❤

ဝမ်​ချီစန်း မ​ရောက်​တာကြာပြီဖြစ်​တဲ့ training classထဲ သင်​တန်းသားအသစ်​​တွေ​တောင်​ ​ရောက်​လို့​နေသည်​ ။ trainer က သူ့ကို လက်​လှမ်းပြတယ်​ ။ ဝမ်​ချီစန်းကလဲ ချုပ်​ရိုးရာအ​မြောင်းလိုက်​ဖြစ်​​နေတဲ့လက်​ကို ပြန်​​ထောင်​ပြလိုက်​သည်​ ။
"စန်းတိ မလာတာကြာပြီ​နော်​ မင်းမလာတာနဲ့ မင်းအစ်​ကိုပါအကျင့်​​တွေပျက်​ပြီး​ရောက်​ကိုမလာ​တော့ဘူး"

စကားစမြည်​​ပြောပြီးသည်​နှင့်
၈​ပေါင်​တုံးကို ဝမ်​ချီစန်း စ'မ'တယ်​ ။
"အထဲက မူလီ​တွေ ပြန်​ပြုတ်​သွားမယ်​"

"ဒီ​လောက်​​တော့ရမှာပါ"

Gender မခွဲထားတဲ့ ဒီClassထဲ
အမြွှာနှစ်​ဦးနားကို သူတို့နဲ့အသက်​သိပ်​မကွာလှတဲ့ လူ​တွေကတဝဲလည်​လည်​ ။ အမြွှာဆိုတာ ထူးဆန်းတဲ့အရာမှ မဟုတ်​တာကို ဘာလို့များ ... ။
မ​နေနိုင်​​တော့သည့်​အဆုံး ဝမ်​ချီစန်းက ဝမ်​ချီရီ​ဘေးကိုသွားကာ ​ရေ​သောက်​သလိုလိုနှင့်​ မသိမသာ​မေးလိုက်​သည်​ ။
"သ​ကော မင်း သူတို့ကိုရည်းစားစကား​ပြောထားလို့လား"

ဝိတ်​တုံး'မ'​နေတဲ့ ဝမ်​ချီရီက ​​ခေါင်းခါပြသည်​ ။ ဝမ်​ချီစန်းက ​ခေါင်းညိတ်​သည်​ ။ နားထင်​မှာစီးကျ​နေတဲ့ ​ချွေးစက်​​တွေကို လက်​ညှိုးဖြင့်​သက်​ယူလိုက်​​သေးသည်​ ။
"မသိပါဘူး သူတို့လူမှားမှာဆိုးလို့ အ​သေအ​ကြေကြည့်​​နေတယ်​ထင်​လိုက်​တာ"

"​ပေါက်​​ပေါက်​ရှာရှာကွာ"

"မင်းက​ပြောမရဘူး​လေ"

"ဘာလဲ ငါနဲ့မပတ်​သတ်​ရင်​ မင်းကလိုက်​​ပြောမလို့လား"

"No No လုံးဝမဟုတ်​ဘူး ငါကမင်းလို​ကြုံရလိုက်​​ပြောတဲ့လူမဟုတ်​ဘူး​လေ အခုထိ ငါ့မှာတ​ယောက်​ထဲပဲရှိ​သေးတာ"

ထိုစကားကိုကြား​တော့ ဝမ်​ချီရီ မျက်​နှာက ပုံမှန်​ထက်​ပိုပြီးတည်​တံ့သွားတယ်​ ။ လက်ေ​ပ်ါကဝိတ်​တုံး​ကြောင့်​လား သူ့စကား​ကြောင့်​လားဆိုတာ ​ဝေခွဲမရဖြစ်​​နေတဲ့ ဝမ်​ချီစန်းကပဲဆက်​ပြီး ...
"ထျန်းရှီ​ကော ဘာ​ပြောသွားတာလဲ"
ဝမ်​ချီရီရဲ့လက်​​မောင်းကြွက်​သား​တွေက အံ့​သေသွားသလိုပဲ ​တောင့်​ကာ ဆက်​ပြီး 'မ'မနိုင်​​တော့​ပေ ။
"ဘာကိုလဲချီစန်း"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Onde histórias criam vida. Descubra agora