Part 151 💚❤ (Xiao Zhan's simple birthday // Heartbeat or Love?)

5K 790 89
                                    

💓

Xiao Zhan's simple birthday // Heartbeat or Love?

💚❤

တောင်​​ခြေကို ပြန်​​ရောက်​သည်​က ညည့်​အ​တော်​နက်​​နေပြီ ။ ​တောင်​​ခြေမှတဆင့်​ တည်းခိုသည့်​​နေရာကို အချိန်​​တော်​​တော်​ကြာ လမ်း​လျှောက်​ရ​သေးသည်​ ။ ညည့်​နက်​​နေပြီ ဆိုပင်​မယ့်​ လမ်း​ဘေးနားက မီးတိုင်​​တွေ​ကြောင့်​ အ​မှောင်​ထုကကြီးဆိုးမ​နေ ။ အရင်​သူတို့နှစ်​ဦး​ရောက်​သည့်​​နေ့က ဒီသစ်​သားမီးတိုင်​​တွေမှာ မီးမထွန်းထား​ပေး ။ မနက်​​ရောက်​ရင်​ သူ့​မွေး​နေ့​ရောက်​ပြီဆိုတဲ့အသိနှင့်​ သူ့က​လေးက ဘာ​တွေများပြင်ဆင်​​​ပေးထားမလဲဆိုသည့်​သိချင်​စိတ်​က တပြိုင်​နက်​ထဲ ဝင်​လာခဲ့သည်​ ။ ဒီည​တော့​စော​စောအိပ်​ရမယ်​လို့ ​ရှောင်းကျန့်​​တွေးရင်း ​ခြေလှမ်း​တွေကို ခပ်​မြန်​မြန်​ပဲ​လျှောက်​လိုက်​သည်​ ။
"ကိုကို ကျွန်​​တော့်​ကို​စောင့်​ပါဦး"

"မြန်​မြန်​လာခဲ့"
ရှောင်းကျန့်​​ဘေးတ​စောင်းသွားပြီး ဝမ်​ရိ​ပေါ်ကိုလက်​ယက်​​ခေါ်လိုက်​ကာမ​စောင့်​ပဲနှင့်​ တည်းခိုသည့်​​နေရာကို ​မ​လျော့​သောအရှိန်​နဲ့ပဲ ခပ်​မြန်​မြန်​​လျှောက်​လိုက်​သည်​ ။ တတ်​ကြွစွာ​ရှေ့ကသွားနှင့်​သည့်​ဒီလူသားကို ကြည့်​ကာ ဝမ်​ရိ​ပေါ် ခပ်​ပြုံးပြုံးနဲ့ပဲ အ​ပြေးလိုက်​ခဲ့သည်​ ။

တည်းခိုသည့်​​နေရာ​ရောက်​​တော့မီး​တွေက ပိတ်​ထားသည်​ ။ တည်းခိုရာ ခြံဝန်းတခုလုံးပဲဆိုပါ​တော့ ။ သက်​ရှိလူ​တွေမှရှိ​သေးရဲ့လားလို့​တောင်​စဉ်းစားရသည်​အထိ လူ​ခြေကတိတ်​ဆိတ်​လွန်း​နေသည်​ ။ သူတို့ပြန်​လာသည်​က ညကြီးအချိန်​မ​တော်​ဖြစ်​သည်​ကို ​ရှောင်းကျန့်​သတိရသွားကာ ​ခြေသံဖွဖွသာနင်းပြီး သူတို့ယူထားသည့်​အခန်းကို ပြန်​လာခဲ့သည်​ ။ အခန်း​တံခါးဖွင့်​​နေတဲ့သူ့ကို ဝမ်​ရိ​ပေါ်ဆွဲလှည့်​ကာ အခန်းတံခါးနဲ့ဝုန်းဆို ဖိကပ်​ထားလိုက်​သည်​ ။ ထိုအသံတသံပဲ ထူးထူးခြားခြား ထွက်​သွားတာ​ကြောင့်​ ​ဝမ်​ရိ​ပေါ်ရဲ့ ပါးစပ်​ကို ​ရှောင်းကျန့်​လက်​နဲ့ပိတ်​ပြီး တိုးတိုး​နေခိုင်းလိုက်​သည်​ ။ ထိုအခါ ဝမ်​ရိ​ပေါ်က ​ရှောင်းကျန့်​ရဲ့ နားကို ကပ်​ကာ ​ပြောသည်​ ။
"ပြန်​​ရောက်​ရင်​ဆို"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now