Part 176 💚❤ (Lack of secrecy makes life easier)

3.8K 731 226
                                    

💓

Lack of secrecy makes life easier

💚❤

တိတ်​ဆိတ်​​နေသည့်​ အိမ်​ကြီးတအိမ်​ထဲသူတို့နှစ်​ဦးသာ ရှိသည်​ ။
တ​ယောက်​မျက်​နှာတ​ယောက်​မမြင်​ရပဲ တ​ယောက်​တ​နေရာဆီဖြစ်​​နေသည်​​ကြောင့်​ ဖတ်​လက်​စ စာအုပ်​ကိုပိတ်​ကာ စာဖတ်​ခန်းထဲမှ ​ရှောင်းကျန့်​ထွက်​လိုက်​ပြီး အိပ်​ခန်းထဲကို ဝင်​လိုက်​သည်​ ။

အခန်းထဲဝင်​လာသည့်​ သူ့ကို​တောင်​ သတိမထားမိသည်​အထိ
တင်​ပြလွှာ​တွေဖြင့်​ ဝမ်​ရိ​ပေါ်အလုပ်​ရှုပ်​​နေ​လေသည်​ ။

Laptopကို ​မွေ့ယာ​ပေါ်တင်​ပြီး ကုတင်​​အောက်​တွင်​ထိုင်​​နေသည့်​ ဝမ်​ရိ​ပေါ်ကို သူ​ခေါင်း​လေးပွတ်​လိုက်​ပြီး ​မွေ့ယာ​ပေါ်ဝင်​ထိုင်​လိုက်​သည်​ ။
"မင်းငါ့ကိုဖုံးကွယ်​ထားတာ​တော့မရှိပါဘူး​နော်​"

"ကျွန်​​တော်​လား"

"အင်း"

"ရှိတယ်​"

"​ပြော"

"တ​နေ့တခြား ကျွန်​​တော်​ကိုကို့ကိုပိုပိုချစ်​လာတယ်​ဆိုတဲ့အ​ကြောင်း​လေ"

"ကြက်​သီးထ​အောင်​မ​ပြောနဲ့စမ်း"

"အဟုတ်​​ပြောတာပါဗျ"

"ငါအတည်​​မေး​နေတာ မျက်​နှာမ​ပြောင်​နဲ့"

"က​လေး​တွေမရှိတုန်းမို့​ပြောတာကို"

သူ့လူသားသည် ​သူ့ကိုအဖက်​လုပ်​ကာ စကားမ​ပြော​တော့ ။
တ​နေ့​တခြား စိတ်​​ကောက်​တတ်​လာသည့်​ သူ့လူသားကို ​နေ့တိုင်​လိုလို​ချော့​နေရသည်​က သူ့ရဲ့​တ​နေ့တာလှုပ်​ရှားမှုတွက်​ တ​ထောင့်​တ​နေရာက ပါဝင်​လာခဲ့သည်​ ။
ဒါနဲ့ ...
သူ့လူသားက စိတ်​​ကောက်​တာ​နော်​ ...
ဇီဇာ​ကြောင်​လာတာမဟုတ်​ဘူး ။ (မျက်​နှာမဲ့အီမိုဂျီ)

Laptopကို သူပိတ်​လိုက်​တယ်​ ။ စာရွက်​ကို ပြန်​စီကာ laptopနဲ့အတူ ကုတင်​​အောက်​ကို ထိုးထည့်​လိုက်​ပြီးသည်​နှင့်​ ... ​သူ့လူသား​ဘေးသူဝင်​ထိုင်​လိုက်​သည်​ ။
"ဒါနဲ့ကိုကို ကျွန်​​တော်​ အတည်​​ပြောပြမယ်​ ဒီဘက်​လှည့်​ဦး"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now