💓
BDSM is not BDSM
🔞This is a rated part . So,kids shouldn't read this.
💚❤
"ကိုကို ပြန်မှ ဖြစ်မှာလား"
ဗီဒိုနှင့် ကုတင်ကို ခေါက်တုန့်ခေါက်ပြန် လျှောက်ကာ အဝတ်တွေထည့်နေသည့် ရှောင်းကျန့်နောက်သို့ ဝမ်ရိပေါ်မျက်ရည်စမ်းစမ်း စမ်းစမ်းဖြင့် ဂျီကျလို့နေသည် ။ ရှောင်းကျန့်ကတော့ စကားပင်မပြောပဲ အဝတ်တွေပင် သိမ်းကြုံးထည့်ကာ ဆန္ဒပြမြဲ ။
"ကိုကို ကျွန်တော် ပြောတာကြားလား ကိုကို!"
ဝမ်ရိပေါ် လေသံဘယ်လောက်ပင် မာနေပါစေ ရှောင်းကျန့်ဂရုကိုမစိုက်ပေ ။ အချိန်တန်အိမ်ပြန်ရမှာလေ ၊ အခုဆိုရင် ရှန်ဟိုင်းရောက်နေတာ နှစ်လတောင်ရှိနေပြီ ။ သူ ဒီထက်ပိုပြီး အလိုမလိုက်နိုင်ပေ ။
"ကိုကို အဲ့ကျင်းကော် ကြောင့် ပြန်တာမှတ်လား"
ဝမ်ရိပေါ် မကျေမချမ်းဖြစ်ကာ ကုတင်ပေါ်တွင် ခြေဆောင့်နေတော့သည် ။ အဝတ်ထည့်နေသည့်ကို ရှောင်းကျန့်ရပ်လိုက်ပြီး .....
"ဝမ်ရိပေါ် ငါပြောမယ် မင်း ပါးပါးကို အားမနာရင်တောင် ငါတော့ အားနာလို့သေတော့မယ်"
ဗီဒိုထဲမှာ ချိတ်ထားသည့် အဝတ်တွေကို ယူကာ ခရီးဆောင်အိတ်ထဲသို့ ရှောင်းကျန့်ပစ်ပစ် ထည့်နေလိုက်တယ် ။ လေပေါ်မြောက်မြောက်လာတဲ့ အဝတ်တွေကို ဝမ်ရိပေါ် အသံတိတ်ကာ ကြည့်နေတော့တယ် ။
"ကျင်းကော်ရော သားသုံးယောက်ကိုရော ပါးပါးဆီ ပို့ထားရတာ ဘယ်လောက်ကြာနေပြီလဲ မင်းအဲ့လို ဂျီကျနေတာ ဘယ်နှလရှိပြီလဲ"
ရှောင်းကျန့် ပြန်မည် ပြောတိုင်း ဝမ်ရိပေါ် ဂျီကျကာ ငိုပြခဲ့သည်ကြောင့် သူမပြန်ဖြစ်ခဲ့ ။ ဂျီကျလို့ရမှန်းသိတော့ အခုထိ ဂျီကျတုန်း ။
"ကိုကိုကလဲ ပါးပါးက အားနာစရာလူမှမဟုတ်တာ"
ပြီတီတီလေး ပြုံးကာ ပြောနေသည့် သူ့ကလေးကိုတော့ ရှောင်းကျန့်အသည်းယားသည် ။ ရယ်လိုက်တိုင်း မို့တတ်လာသည့် ပါးမို့လေးနှစ်ခု ။ လက်ဖြင့်ဖိညှစ်လိုက်ချင်စိတ်တွေပင် တဖွားဖွား ပေါ်လာခဲ့တယ် ။ ဖြူစင်လွန်းသည့် သူ့ကလေး ။ အကြည့်တွေကိုမလွှဲနိုင်လောက်အောင် သူ့အပေါ်ချွဲပြနေတယ် ။
YOU ARE READING
Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)
RomanceTitle - Family with lots of love 💚❤ ( Until you fall in love's season II ) ( Part 1 to 190) A wonderful family of three twins and two fathers . Main couple - Wang Yibo & Xiao Zhan Three twins - Wang Qiyi , Wang Qier ,Wang Qisan Ty...