Part 85 💚❤ (Dark Evening 🚫🔞)

19.1K 1.4K 68
                                    

💓

Dark Evening 🚫🔞

🔞This is a rated part . So,kids shouldn't read this.💚❤

"ကျွန်​​တော့်​ကို မလွမ်းဘူးလား"

ရှောင်းကျန့်​၏ခါးကို​ကျောပြင်​မှသိုင်းဖက်​ပြီး ​ဂုတ်​ကို နမ်းရှိုက်​ကာ ဝမ်​ရိ​ပေါ် စချွဲ​နေ​လေပြီ ။ လွမ်းခဲ့ရတဲ့ ​နေ့ရက်​​တွေကို အတိုးချကာ မူပို​နေပြီ ။

"ဖယ်​ သား​တွေရှိတယ်​"

ကံ​ကောင်းချင်​​​တော့ က​လေးသုံး​ယောက်​လုံး လသာ​ဆောင်​တွင်​သာ ထိုင်​​နေ​လေရဲ့ ။ တ​ယောက်​မှ ​အောက်​ပင်ဆင်းမလာ​ပေ ။

"အင်​ မ​နေ့က​တော့ သူပဲ ​ပေါင်​​ပေါ်တတ်​ထိုင်​ပြီး​တော့ ...... ကျွန်​​တော်​ကျ ဒီလို​လေး​နေတာကြ​တော့ ကိုကိုက မ​နေ​စေချင်​တာလား"

"ရိ​​ပေါ် ဖယ်​ကွာ"

ရှောင်းကျန့်​၏အင်္ကျီ​ကော်​လံကို အတင်းဆွဲကာ ပုခုံးသားကို တချက်​ကိုက်​လိုက်​သည်​ ။ သွားရာ​လေးက အထင်းသားရယ်​ ။
"မ​နေ့ကလို ပြန်​​နေ​ပေးပါဦးလား"

"​တော်​​တော့ရိ​ပေါ်"

"ကိုကိုက အ​ပြောင်းအလဲအရမ်းမြန်​တာပဲ"

ပြို​တော့မည့်​မိုးလို အသံနှင့်​ ​​ပြောလိုက်သည့် ​​ရိ​ပေါ်ကို ​ရှောင်းကျန့်​ချက်​ချင်းလှည့်​ကြည့်​လိုက်​သည်​ ။

"ကျွန်​​တော်​ကအမြဲတမ်းကြီးမှ စိတ်​မဆိုးနိုင်​တာ"

မျက်​လွှာ​လေး ချကာ ​ပြော​နေသည့်​ အ​ကောင်​​ပေါက်​​လေး နှာ​ခေါင်း ​လေးပင်​ ရဲလာ​နေပြီ ။ ဝမ်​ရိ​ပေါ်​ခေါင်း​လေးငုတ်​ထား​တော့ မျက်​နှာ​လေးကို မမြင်​ရတာ​ကြောင့်​ ​ရှောင်းကျန့်​အတင်းငုတ်​ကြည့်​ရ​တော့သည်​ ။

"စိတ်​ဆိုးမှ ကိုကို့ရဲ့အဲ့လိုအမူအရာ​တွေ​ ​တွေ့ရမယ်​ဆိုရင်​ ကျွန်​​တော်​ ​နောက်​ထပ်​ မ​တွေ့ရ​တော့ဘူးထင်​တယ်​"

"ငို​တော့မို့လား မငိုနဲ့​လေကွာ ဘာမှမဟုတ်​တာကိုငိုစရာလား"

"ကိုကိုအတွက်​​တော့ ဘာမှမဟုတ်​ခဲ့ဘူး​ပေါ့ ကျွန်​​တော့်​အတွက်​က အိမ်​​ထောင်​သက်​ တ​လျှောက်​လုံး ဒီလို မြင်​ခွင့်​မရခဲ့တာ ရ​တော့လဲစိတ်​ဆိုး​နေတဲ့အချိန်​"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now