Part 177 💚❤ (They are getting closer 💕)

3.8K 632 163
                                    

💓

They are getting closer 💕

💚❤

အဖြူ​ရောင်​ခန်းမအလယ်​ရှိ
သတို့သားနှင့်​သတို့သမီးသည်
အပြုံး​တွေကိုယ်​စီဖြင့်​ ။
အဖြူ​ရောင်​သတို့သားကမ်း​ပေးသည့်​ လက်​ဖဝါးနုနု​ပေါ်
အဖြူ​ရောင်​သတို့သမီး​လေးသည်​ လက်​လှန်းကာ တင်​လိုက်​သည်​ ။
ခေါင်း​လောင်းသံ​တွေက တလူလူ လွင့်​​မျော​နေသည်​ ။
တီးလုံးသံ​တွေသည်​လည်း တသဲ့သဲ့ ။
သစ္စာတရား​တွေကို သက်​ဆုံးတိုင်​ မ​ပျောက်​ပျက်​​စေဖို့
သူတို့ကျမ်းသစ္စာဆို​နေသည့်​အချိန်​ ...
သူသည်​က ပရိသတ်​အလယ်​ရှိ ပရိသတ်​တဦးသာဖြစ်​​နေခဲ့သည်​ ။
အပြုံး​တွေကိုယ်​စီရှိ​နေသည့်​ ပရိသတ်​အလယ်​မှာ သူတဦးထဲသာ မပြုံးနိုင်​ဖြစ်​​နေခဲ့သည်​ ။
"သတို့သမီးကို သစ္စာရှိစွာ ​ပေါင်းသင်းနိုင်​မည်​​လော့"

သတို့သားရဲ့နှုတ်​ခမ်း​တွေလှုပ်​ခပ်​သွားသည့်​အချိန်​မှာ​တော့
သူသည်​ အမြင့်​တ​နေရာမှ အဆုံးစွန်​ထိ ပြုတ်​ကျကာ ...

ချွေး​စေး​တွေပြန်​​ကာ နိုးထလာသည့်​သူသည်
နှုတ်​ခမ်း​တွေ​ခြောက်​ကပ်​ကာ နှလုံးသားသည်​လည်း တလှပ်​လှပ်​ဖြစ်​​နေခဲ့သည်​ ။
မှောင်​မဲမဲအခန်းကျယ်​ထဲ
အိပ်​ရာ​ဘေးရှိ ခုံ​ပေါ်က ​ရေခရားကို သူစမ်းကာ ဆွဲလိုက်​သည်​ ။
ရေခရားထဲ​ရေက ရှိမ​နေခဲ့ ။

"ထပ်​ပြီးလား"

သူအိပ်​ရာ​ပေါ်မှ လှိမ့်​ဆင်းကာ ​ကြမ်းပြင်​ထပ်​ ​သူ​ခွေ​ခွေ​လေး ​နေလိုက်​​သေးသည်​ ။ အိပ်​မက်​အ​ကြောင်းကို ပြန်​စဉ်းစားမိသည့်​အချိန်​မှာ သူအိပ်​ချင်​စိတ်​​တွေ​ပျောက်​ဆုံးသွားခဲ့သည်​ ။

"အိပ်​မက်​ကြီးကလည်းကွာ ... တကယ်​ဖြစ်​​နေတဲ့အတိုင်းပဲ"

သူကုန်းထကာ ​ရေချိုးခန်းထဲ ​နှေးတိ​နှေးတုံ့ပဲ ဝင်​လိုက်​သည်​ ။ မျက်​နှာကိုလက်​နဲ့ပွတ်​တယ်​ ၊ ဆံပင်​​တွေကို လက်​နဲ့ထိုးဖွတယ်​ ။ မှန်​​ရှေ့​ရောက်​​တော့ သူကိုယ်​သူ ကြည့်​လိုက်​သည်​ ။
"အခုထိ ​ချော​နေတာလား
ဟူး ...
ပင်​ပန်းလိုက်​တာ"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now