Part 68 💚❤ (Wang Yibo Vs Wang Qiyi)

15.3K 1.4K 136
                                    

💓

Wang Yibo Vs Wang Qiyi

💚❤

အခန်းတံခါး ဖွင့်​ပြီး ဝမ်​ရိ​ပေါ် ဝင်​မည့်​အချိန်​ထိ ဝမ်​ရိ​ပေါ်၏လက်​ကို ​ရှောင်းကျန့်​မလွှတ်​​ပေး​သေး ။

"ရိ​ပေါ် ​ကိုကို့ကို ​သော့​ပေးခဲ့"

ရှောင်းကျန့်​စိတ်​ချမ်းသာ​အောင်​သာ လက်​ထဲသို့ ​သော့တွဲကို ထည့်​​ပေးခဲ့ပြီး အခန်းထဲ​ရောက်​ရှိသည်​နှင့်​ တံခါးလက်​ကိုင်​ကို ​ကျောမှီခုံဖြင့်​ ကလန့်​ထားလိုက်​သည်​ ။ အထဲက မဖွင့်​​ပေးရင်​ ဘယ်​သူမှ ဝင်​မလာနိုင်​​အောင်​​ပေါ့ ။

အခန်းထဲ ​ဝေ့ရမ်းကြည့်​လိုက်​​တော့ ကုတင်​​​ခြေရင်းကြမ်းပြင်​တွင်​ ဒူးဖက်​ကာ ထိုင်​​နေသည့်​ ​ကောင်​​လေး ။

"ခံစားချက်​​တွေအရမ်းပြင်းထန်​​နေတယ်​​ပေါ့ ဟုတ်​လား"

ဝမ်​ရိ​ပေါ ရွဲ့ကာ ​ပြောလိုက်​ခြင်းကို ဝမ်​ချီရီမကြားချင်​​ယောင်​​ဆောင်​ကာ မျက်​ရည်မကျ​အောင်​ထိန်းပြီး ထိုင်​​နေမြဲ ။ စကား​ပြန်မေ​ပြာ​ပေ ။

"ငါ ချီ​အော့​ပြောတာ ယုံရမလား မင်းကိုယ်​တိုင်​​ပြောမလား"

မျက်​လုံးလှန်​ကြည့်​သည့်​က​လေးငယ်​ ။ ဒီအရွယ်​​တွေက ဒီအတိုင်းပါပဲ ။ ပမာမခန့်​အကြည့်​​တွေ​ကြောင့်​ ရင်​ထဲ​တော့နစ်​သွားတာ​ပေါ့ ။

"ငါ့ကို ​ဒေါသထွက်​​အောင်​ မလုပ်​နဲ့ဝမ်​ချီရီ"

"ဘာလို့လဲ ပါးပါးတို့က ..... "

ဒီအ​ကြောင်း​တွေကို နားလည်​​အောင်​ ရှင်းပြထားလဲ သူများ​ပြောတာနဲ့ ဒီ​လောက်​ဖြစ်​​ရောလား ။ ဝမ်​ရိ​ပေါ် ​လေပူတချက်​မှုတ်​ထုတ်​ကာ ဝမ်​ချီရီ ထိုင်​သည့်​ ​ရှေ့တည့်​တည့်​​တွင်​ ထိုင်​ချလိုက်​တယ်​ ။

"ငါ ဘယ်​နှခါ​ပြောရမှာလဲ မင်းတို့ သုံး​ယောက်​ကို ဒီ​လောက်​​ပြောထားတာ​တောင်​ အကြီးဆုံးဖြစ်​တဲ့မင်းက ချီစန်း​လောက်​​တောင်​ မရင့်​ကျက်​ဘူးလား"

"ချီစန်း ချီစန်း ချီစန်း အမွှမ်းတင်​မ​နေနဲ့ ကျွန်​​တော်​သူ့ကို မုန်း အား ..... "

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now