Part 65 💚❤ (Love)

13.3K 1.2K 32
                                    

💓

💚❤

အိပ်​ရာနိုးနိုးခြင်း ​ဘေးတွင်​ ဝမ်​ရိ​ပေါ်ရှိမ​နေ ။ သင်္ချိုင်း က ပြန်​လာပြီးကတည်းက ​ရှောင်းကျန့်​ အိပ်​​ပျော်​သွားခဲ့တာ အခု အပြင်​ဘက်​မှာ​တောင်​ ​မှောင်​​နေပြီ ။ အခန်းမီး​တွေကလဲ ပိတ်​လို့ထားတယ်​ ။ ​ရှောင်းကျန့်​​ဇော​ချွေးများပြန်​ကာ အသက်​ရှူပင်​ ကျပ်​လာ​တော့သည်​ ။

"ရိ​ပေါ်"

အိပ်​ခန်းကျဉ်းကျဉ်းကို ​ရှောင်းကျန့်​​ဝေ့ကာကြည့်​မိသည်​ ။ ဒီမြို့မှာ တနှစ်​မှ တခါသာ လာ​နေတာ ဖြစ်​တာ​ကြောင့်​ အိမ်​ခန်းကျယ်​ကျယ်​ ဝယ်​မထားမိ ။ သူအရင်​​နေခဲ့တဲ့ ​ခေါင်​မိုးအိမ်​က​​လေးက အပြင်​နဲ့အထဲ အသံ​တွေကြားနိုင်​သည်​ ။ ဒါပင်​မယ့်​ အခု အပ်​ကျသံ​တောင်​မကြားရတာ​ပေ ။

ရှောင်းကျန့်​ဖိုသီဖက်​သီဖြင့်​ အခန်းထဲမှ ထွက်​လာခဲ့တယ်​ ။ က​လေးသုံး​ယောက်​ အိပ်​​နေသည်​ကို ယက်​ခတ်​​ပေး​နေသည့်​ ဝမ်​ရိ​ပေါ်ကို မြင်​​တော့မှ ​ရှောင်းကျန့်​သက်​ပြင်းချရ​တော့သည်​ ။

"ကိုကို ဘာဖြစ်​လို့လဲ"

ချွေး​တွေသန်​​တွေနဲ့ သူ့ကို​ပြေးဖက်​သည့်​ ​ရှောင်းကျန့်​ကို ဝမ်​ရိ​ပေါ်​ကျောအသာပွတ်​​ပေးလိုက်​သည်​ ။

"ကျွန်​​တော်​​ပြောပါတယ်​ ​ရေချိုးပြီးမှ အိပ်​ပါလို့ဆိုတာကို အခု မ​ကောင်းတာ​တွေမက်​ပြီးမှတ်​လား"

တခွန်း​တောင်​ မ​ပြောရ​သေး အမူအရာကြည့်​ကာ သူ့အ​ကြောင်းကို သိနိုင်​သည့်​ သူ့က​လေးကို ​ရှောင်းကျန့်​ပို၍ တင်းကျပ်​စွာတွယ်​ဖက်​ထားမိသည်​ ။ ရင်​ဘတ်​ချင်းထိထားတာ​ကြောင့်​ ​ရှောင်းကျန့်​၏နှလုံးခုန်​သံပြင်းပြင်းကို ဝမ်​ရိ​ပေါ်သတိထားမိသည်​ ။

"​ရေချိုး အဝတ်​စားလဲ ပြီးရင်​ ထမင်းစားမယ်​"

ရှောင်းကျန့်​အသံထွက်​မလာတာ​ကြောင့်​ ​ရှောင်းကျန့်​၏မျက်​နှာ​လေးကို အတင်းပင်​ ဝမ်​ရိ​ပေါ် ဆွဲကြည့်​လိုက်​ရတယ်​ ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Où les histoires vivent. Découvrez maintenant