Part 134 💚❤ (Full of love . But ...)

6K 964 65
                                    

💓

Full of love . But ...

💚❤

သုတ်​သုတ်​ သုတ်​သုတ်​ နဲ့​လျှောက်​​နေတဲ့ ဝမ်​ချီရီ​နောက်​ကို ရှာ့ထျန်းရှီအ​ပြေးလိုက်​သည်​ ။ ​နောက်ကလူပါလာတာ​ကြောင့်​ ဝမ်​ချီရီ ထွက်​​ပြေးမိသည်​ ။ ​နောက်​ကလဲ မရမက လိုက်​​နေတယ်​ ။
"ချီရီ ငါ့ကို​စောင့်​ဦး"

ဆက်​လိုက်​မလာပါနဲ့လို့ ဆု​တောင်းပြီး ​ဆက်​​ပြေးတယ်​ ။
ရှာ့ထျန်းရှီကလည်း သူ့ရဲ့လက်​​ကောက်​ဝတ်​ကိုအမိအရဖမ်းပြီး ဆုတ်​ကိုင်​လိုက်​သည်​ ။
"ချီရီ"

"ငါလက်​မပါမိခင်​ မင်း​လက်​ကို အရင်​လွှတ်​"

"​ကောင်းပြီ"
နှစ်​​ယောက်​သားမျက်​နှားချင်းဆိုင်​ရပ်​ကာ အကြည့်​ချင်းဆုံ​နေကြတယ်​ ။ ရှာ့ထျန်းရှီရဲ့မျက်​နှာက ပြုံး​ယောင်​​လေးသန်း​နေပင်​မယ့်​ ဝမ်​ချီရီက​တော့ မပြုံးနိုင်​ ။
"​အော့တိ​ပြောတာ မဟုတ်​ဘူးမှတ်​လား သူ​နောက်​​နေတာမှတ်​လား"
ရှာ့ထျန်းရှီက စကားကိုတခွန်း​တည်းနဲ့ပိတ်​ချတယ်​ ။ ဝမ်​ချီရီလည်းစိတ်​သက်​သာရသွားတယ်​ဆိုပင်​မယ့်​ တုန်​လှုပ်​​နေတုန်းပဲ ။ နှလုံး​သွေး​တွေက ဆူပွတ်​နတယ်​ ။ ဒီသက်​​ရောက်​မှုက မျက်​လုံးမှာလာပြီးအရာထင်​တယ်​ ။ သူ့မျက်​လုံး​တွေက ဂနာမငြိမ်​​တော့ဘူး ။
"မင်းစိတ်​ငြိမ်​​အောင်​ ငါအ​ရင်​ထွက်​သွား​ပေးမယ်​"

ရှာ့ထျန်းရှီက သူ့ကို​ကျောခိုင်းသွားတယ်​ ။ ရင်​ဘတ်​ကအင်္ကျီစကို ဆုတ်​ကိုင်​ကာ တင်းကျပ်​​နေတဲ့ ရင်​ဘတ်​ကိုထု​နေမိသည်​ ။ မခံနိုင်​သည့်​အဆုံးတွင်​ ...
"ငါမင်းကိုသ​ဘောကျတယ်​" တိုးတာမှ တိုးတိုး​လေးပါ ။ တ​ယောက်​ထဲကြားနိုင်​တဲ့​လေသံ​လေးနဲ့ပဲသူ​ပြောထွက်​ခဲ့တယ်​ ။ ​ဖွင့်​​ပြောလိုက်​ဖို့လည်း အားအင်​​တွေမရှိသလို ။ ​ပြောခွင့်​​ရော သူ့မှာရှိရဲ့လား ။
"ငါမင်းကိုသ​ဘောကျတယ်​ ဒါပင်​မယ့်​ ငါအဆင်​မ​ပြေနိုင်​လို့ ​ရှေ့​ကို​ရောက်​​ရောက်​မလာပါနဲ့လား"

ကျောခိုင်းသွားတဲ့ လူကို​အေးစက်​စွာပင်​ ဝမ်​ချီရီ ကြည့်​​နေလိုက်​တယ်​ ။ ​ကျောခိုင်းသွားတဲ့လူက ​ပျော်​​နေပုံရပင်​မယ့်​ ၊ ဘာ​ကြောင့်​များလဲ ... ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Onde histórias criam vida. Descubra agora