Part 152 💚❤ (About them)

5.1K 783 34
                                    

💓

About them

💚❤

ဒီ​နေ့လည်း​ပုံမှန်​​နေ့​​တွေထဲက ​နေ့တ​နေ့လိုပဲ မနက်​ခင်းနှိုးစက်​သံ​ကြောင့်​ ဝမ်​ချီ​အော့လန့်​နိုးလာကာ နှိုးစက်​ကို ပိတ်​လိုက်​ပြီး အလယ်​မှာရှိတဲ့ ဝမ်​ချီစန်းကို ​ခြေ​ထောက်​နဲ့ကန်​ကာ နှိုးလိုက်​သည်​ ။
"စန်းတိ ထ​တော့"
ဝမ်​ချီစန်း အိပ်​ချင်​မူးတူးနဲ့ ထထိုင်​ပြီး ​ဘေးမှာ အိပ်​​နေတဲ့ ဝမ်​ချီရီကိုဆက်​နှိုးလိုက်​သည်​ ။
"သ​ကော ... " တဝက်​တပျက်​နဲ့ ဝမ်​ချီစန်းထိုင်​​နေရင်း ဆက်​ငိုက်​သည်​ ။ တဆင့်​ချင်းနိုးသည့်​ ဒီအဖြစ်​အပျက်​က မနက်​တိုင်းလိုလို ကြုံ​နေရတာ​ကြောင့်​ ဝမ်​ချီရီလည်း​အထူးအဆန်းလုပ်​ကာ ချက်​ချင်းမထပဲ ​ခေါင်းအုံး​အောက်​ကို ​ခေါင်းကို လျိုသွင်းကာ ဆက်​အိပ်​ပြန်​သည်​ ။

"ပါးပါးတို့ပြန်​လာပြီ" အိမ်​​ရှေ့က ဝမ်​ရိ​ပေါ်ရဲ့​အော်​သံကိုကြား​တော့ ဝမ်​ချီရီမျက်​လုံး​တွေပြူးကျယ်​ကာသွားပြီ ကုတင်​​ပေါ်က ​ပြေးဆင်းကာ တဆက်​တည်း အိမ်​​အောက်​ထပ်​ကိုပါ ​ပြေးဆင်းလိုက်သည်​ ။ အငယ်​နှစ်ေ​ယာက်​က​တော့ တ​ယောက်​ကိုတ​ယောက်​ဖက်​ကာ ပြန်​အိပ်ကြတယ်​ ။

အငှါးကား​ပေါ်က အထုတ်​​တွေချ​နေတဲ့ အ​ဖေနှစ်​​ယောက်​ထံ ဝမ်​ချီရီ ​ပြေးလွှားသွားလိုက်​သည်​ ။
"ပါးပါး ... ပါးပါး ပါးပါးကိုဘာလက်​​ဆောင်​​ပေးလဲ"
ရှောင်းကျန့်​က နှုတ်​ခမ်းနားလက်​ညှိုးထားကာ ဆက်​မ​မေးဖို့တားလိုက်​သည်​ ။ ဝမ်​ချီရီပိုပြီး သိချင်​မိသွားသည်​ ။
"ပါးပါး ​ပြောလို့"

"မင်းမျက်​နှာ ဘာဖြစ်​တာလဲ" ​ရှောင်းကျန့်​အထိတ်​တလန့်​​နဲ့​ဝမ်​ချီရီရဲ့မျက်​နှာကိုကိုင်​ကာ ​မေး​တော့  ဝမ်​ရိ​ပေါ်ကပါ ဝမ်​ချီရီကို လှည့်​ကြည့်​သည်​ ။
"ဒါလား ပါးပါးတို့ဂရုစိုက်​တာကို ခံချင်​လို့ရန်​ဖြစ်​ထားတာ"

"မျက်​နှာနုနု​လေးကိုကွာ" ​ရှောင်းကျန့်​ဂရုဏာသတ်​စွာ ဝမ်​ချီရီရဲ့ ဒဏ်​ရာ​တွေကို ဖွဖွ​လေးကိုင်​လိုက်​သည်​။
"ပါးပါး​ ... ​ပြောလို့"
ရှောင်းကျန့်​ကိုအတင်းကပ်​ကာ​မေး​နေတဲ့ဝမ်​ချီရီကို ဝမ်​ရိ​ပေါ်ပိတ်​​ဟောက်​လိုက်​သည်​ ။
"မင်းဘာဖြစ်​​နေတာလဲချီရီ ငါမ​ပြောခိုင်းလို့မင်းအ​ဖေမ​ပြောတာ​လေ"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Tempat cerita menjadi hidup. Temukan sekarang