Part 186 💚❤ (They are similar but slightly different 💕)

3.8K 671 236
                                    

💓

They are similar but slightly different 💕

💚❤

ညအချိန်​ ...
ရှစ်​နာရီ​တောင်​ထိုး​နေပြီ ...
တ​ယောက်​ထဲ ခြံအပြင်​ထွက်​ကာ ​ဆေး​လိပ်​​သောက်​​နေသည်​က ဝမ်​ချီ​အော့ တ​ယောက်​ထဲ ။ နှင်းမကျ​တော့သည့်​ ​ကောင်းကင်​ကြီးကို​မော့ကြည့်​ရင်း ​ဆေးလိပ်​​​ငွေ့ကိုမှုတ်​ထုတ်​လိုက်​သည်​ ။

နွေဦးကို​ရောက်​​တော့မည့်​ ​ကောင်းကင်​ကြီးသည်​ ကြည်​လင်​ကာ ​ကြယ်​​ရောင်​​တွေဖြင့်​​တောက်​​တောက်​ပပဖြစ်​လို့​နေသည်​ ။ လိုက်​ဖက်​ညီစွာဖြင့်​ လမင်းကြီးကလည်း သာ​နေခဲ့တယ်​ ။ တိုက်​ခတ်​လာသည့်​​လေညှင်း​တွေထဲ​တော့ ​ဆောင်း၏အ​ငွေ့အသက်​က​တော့ ​ပျောက်​ကွယ်​မသွား​သေးပဲ ​အေးစက်​စက်​နိုင်​​နေ​သေးသည်​ ။

တ​ဖြေး​ဖြေးတိုလာသည့်​ ​ဆေးလိပ်​သည်​ ခါးသက်​သက်​​လေးဖြစ်​လာခဲ့တယ်​ ။ ​အေးစက်​စက်​​လေညှင်းတိုက်​ခတ်​​နေဆဲအချိန်​ ခံတွင်းထဲတွင်​ ခါးသက်​သက်​ခံစားလာရသည်​ ။ တို​တောင်းလာသည့်​ ​ဆေးလိပ်​ကို ​မြေပြင်​​ပေါ်ပစ်​ချကာ နင်း​ချေပစ်​လိုက်​ပြီး အမှိုက်​ပုံးထဲထည့်​ရန်​ ပြန်​​ကောက်​လိုက်​သည်​ ။

အမှိုက်​ပစ်​ပြီးသည့်​အခါ လက်​ကို ခါရင်း ပြန်​လှည့်​သည့်​အချိန်​တွင်​ ပါးပြင်​​ကို အိစက်​စက်​လက်​က​လေး၏အားပြင်းပြင်းရိုက်​ချက်​က ထိ​တွေ့သည်​ ။ မျက်​လုံး​တွေပြာထွက်​သွားကာ ​ဦး​ခေါင်းသည်​လည်း ​စောင်းငဲ့သွားခဲ့သည်​ ။ ပျင်းရိ​နေသည့်​စိတ်​သည်​လည်း ​ပျောက်​ကွယ်​သွားခဲ့သည်​ ။ ပူစပ်​စပ်​ဖြစ်​လာသည့်​ ပါးပြင်​ကိုကိုင်​ကာ သူ့အား ကိုယ်​ထိလက်​​ရောက်​​စော်​ကားသူကို လှည့်​ကြည့်​လိုက်​သည်​ ။

သူ​ရှေ့တွင်​ ​ဒေါသတကြီးရပ်​​နေသူက သူနှင့်​​စေ့စပ်​ထားသည့်​မိန်းက​လေး ။ နာကျင်​သွားသည့်​ပါးပြင်​ကိုပွတ်​ကာ သူ​မေးလိုက်​၏ ။
"ဘာလုပ်​တာလဲ"

"နင်​အဲ့​လောက်​​တောင်​ လုပ်​ဖို့လိုလို့လား"

သူမဘာကိုဆိုလို​နေသည်​လည်း ဝမ်ချီေ​အာ့သိပင်​မယ့်​ သူအပြုံး​လေးနဲ့သာ တုန့်​ပြန်​ကာ မသိချင်​​ယောင်​​ဆောင်​ကာ ​ပြောလိုက်​ပါ၏ ။
"ထမင်းစားပြီး ခံတွင်းချဉ်​လာလို့​သောက်​တာပါ"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now