Part 18 💚❤ (Silent War 😑 )

25.7K 1.6K 122
                                    

💓

💚❤

ကြမ်းပြင်​တွင်​ ထိုင်​ကာ တ​နေ့တခြားပူပူလာသည့်​ ဗိုက်​ကို ပွတ်​ရင်း သ​ရေစာစားကာ TVထိုင်​ကြည့်​​နေသည့်​​ရှောင်းကျန့်​ကို ​နောက်​မှာရပ်​ကြည့်​​နေသည်​မှာ ​တော်​​တော်​ကြာခဲ့ပြီ။မ​နေနိုင်​သည့်​အဆုံး...

"အဲ့ဒါဘာလုပ်​​နေတာလဲကိုကို"

ပါးစပ်​မှ ပွစိပွစိဝါးကာ လက်​နှစ်​ဖက်​တွင်​ မုန့်​ကိုင်​ထားပြီး သူ့အားလှည့်​ကြည့်​လာသည့်​​ရှောင်းကျန့်​ကို ဝမ်​ရိ​ပေါ်ပြစ်​ညှစ်​ချင်​သွားရသည်​။

ရှောင်းကျန့်​အနားတွင်​ထိုင်​ချလိုက်​ပြီး ​ရှောင်းကျန့်​​လက်​ထဲမှ မုန့်​ကိုယူလိုက်​သည်​။

"ဒါ​တွေပဲစား​နေ​တော့မှာလား"

TVကိုလက်​ညှိုးထိုးကာ...
"အဲ့ကား​ကောင်းတယ်​ ရိ​ပေါ်ရဲ့"

"ကျွန်​​တော်​တို့ကြည့်​ပြီးပြီ​လေ Arrowမဟုတ်​လား"

"အင်း ဟုတ်​တယ်​"

ခြေ​ထောက်​​တဖက်​ကိုဆင်းကာ တဖက်​ကို ဒူး​ထောင်​၍ လက်​ကလဲ ​ရှောင်းကျန့်​၏ပုခုံးကိုဖက်​လိုက်​ပြီး စိတ်​မပါစွာဖြင့်​ ကြည့်​ပြီးသားရုပ်​ရှင်​ကိုကြည့်​လိုက်​သည်​။ခုတ​လောကြည့်​တဲ့ရုပ်​ရှင်​​တွေမှန်​သမျှ သိုင်းကားမဟုတ်​ရင်​ Actionကား​တွေသာဖြစ်​တာ​ကြောင့်​ ဝမ်​ရိ​ပေါ်သက်​ပြင်းချရသည်​မှာအခါခါပင်​။

မွေးသာသည့်​က​လေးသာ ​မျောက်​ရှုံး​နေရင်​ သူ့ကိုကိုပင်​ပန်းရကြည်​ရဲ့။မိန်းက​လေးမ​မွေးပါ​စေနဲ့ဆိုပြီးဆု​တောင်းရသည်​မှာလဲအခါခါပင်​။

"ကိုကို မားက ထမင်းစားမယ်​တဲ့"

ရှောင်းကျန့်​ နှုတ်​ခမ်းစူကာပင်​...
"ရိ​ပေါ် ကိုကို​လေ...."

စလာပြီ အဲ့ကိုကို ကိုကိုဆိုပြီ​ပြော​လာရင်​ကို ဝမ်​ရိ​ပေါ်​ကြောက်​​နေရပြီ။ကောလို့ပဲသုံးပါကိုကိုရာ.....။ကျွန်​​တော်​​ကြောက်​လွန်းလို့ပါ....။

"အင်း ကိုကို ဘာလိုချင်​လို့လဲ"

"ဟို ဖရဲသီးစားချင်​လို့"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now