Part 181 💚❤ (After they discussed ... 💕)

3.9K 647 185
                                    

💓

After they discussed ... 💕

💚❤

အိပ်​​မောကျသွား​သောသူသည်
လက်​​မောင်းရင်းမှ ပူလာတာ​ကြောင့်
အလန့်​တကြားနဲ့နိုးလာခဲ့သည်​ ။
သူ့လက်​​မောင်းရင်း​ပေါ် ​ခေါင်းအုံးလို့ အိပ်​​နေသည့်​ သူ့ချစ်​သူသည်
တကိုယ်​လုံးပူထူ​လို့​နေသည်​ ။
လက်​နဲ့ထိကိုင်​ထားသည့်​အပူသည်
သူ့​ခေါင်းကိုမီး​တောက်​​စေသည်​အထိ ပြင်းထန်​​သည်​ ။
သူ့စိတ်​ထင်​ ...
ဒီတကြိမ်​ဖျားသည့်​အဖျားသည်
အရင်​​တ​ခေါက်​ကထက်​ ပိုပြီးပြင်းထန်​​နေသည်​ ။

"ထပ်​ဖျားပြန်​တာလား"
သူ​နေရွတ်​ရင်း ​စောင်​ကိုဖယ်​ကာ ​မွေ့ယာ​ပေါ်မှဆင်းလိုက်​ရသည်​ ။
ချွေး​တွေသန်​​တွေဖြင့်​ အဖျားရှိန်​တတ်​​နေသည့်သူ့ချစ်သူ​​က သူ၏လက်​ကို ဖမ်းဆွဲထားပြန်​သည်​ ။
အားယူလှုပ်​လိုက်​သည့်​ နှုတ်​ခမ်းဖျားက
အသံထွက်​မလာပင်​မယ့်
သူ့ချစ်​သူ​ပြောချင်​သည့်​စကားသည်
သူ့အား'မပြန်​ပါနှင့်​'ဟုသာ ဖြစ်​နိုင်​သည်​ ။

ဝမ်​ချီရီပြန်​​ပြောလိုက်​သည်​ ။
"ကိုယ်​ရှိတယ်​ မပြန်​ဘူး
မင်း​ဆေး​သောက်​ရမယ်​​ လက်​ကိုခဏ​လေးပဲလွှတ်
ပြန်​လာခဲ့မယ်​"

မလွှတ်​ချင်​လွှတ်​ချင်​ဖြင့်​ လွှတ်​​ပေးသည့်​ သူ့ချစ်​သူကို
သူ​စောင်​​သေချာခြုံ​ပေးပြီး အခန်းပြင်​ထွက်​ကာ
ဆေးရှိမရှိကို ဟိုဟိုဒီဒီလိုက်​ရှာလိုက်​သည်​ ။
သူ့အိမ်​မဟုတ်​တာ​ကြောင့်​ ဘယ်​နားဘာရှိမှန်း​သေချာမသိ ။
ဒီလိုသာ ဆက်​ရှာ​နေလျှင်​ အချိန်​ကုန်​ရုံပဲရှိတာ​ကြောင့်​ သူအခန်းထဲ ပြန်​ဝင်​ပြီး အင်္ကျီ​ကောက်​စွတ်​ကာ ၂၄ နာရီဖွင့်​သည့်​​ဆေးဆိုင်​ တဆိုင်​ဆိုင်​ကိုရှာရန်​ သူ ထိုအိမ်​မှ ထွက်​လာခဲ့လိုက်​သည်​ ။ တခြားလူအိမ်​ဖြစ်​တာ​ကြောင့်​လည်း သူ​မွှေ​နှောက်​ပြီး လိုက်​မရှာ​တော့တာပါသည်​ ။

နှင်း​​တွေဖြင့်​ ပြည့်​​နေသည့်​လမ်းက ည​မှောင်​​မှောင်​မှာ တိတ်​ဆိတ်​လို့​နေတယ်​ ။ တလမ်းဝင်​တလမ်းထွက်​ အချိန်​ကြာမြင့်စွာ​ပတ်​ရှာပင်​မယ့်​ ​ဆေးဆိုင်​နှင့်​တူသည့်​ဆိုင်​ တဆိုင်​တ​လေ​တောင်​ သူမ​တွေ့ပါ​ချေ ။ သူထွက်​လာတာကြာပြီ ။ သူ့ချစ်​သူအထင်​လွဲ​နေမှာသူသိတယ်​ ။ ​ဆေးဆိုင်​ကလည်းမရှာလို့မဖြစ်​ ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now