Part 120 💚❤ ( 🌚 😒 )

13.2K 1.1K 174
                                    

💓

🌚

💚❤ 🔞This is a rated part . So,kids shouldn't read this.
(ဒီစာကို မမြင်​ချင်​​ယောင်​​ဆောင်​ပြီး ဖတ်​မယ့်​က​လေးတသိုက်​ရှိတာသိတယ်​ 😒 ဒီauthorကလည်း တာဝန်​အရ​ရေးတာ​မို့ မမြင်​ချင်​​ယောင်​​ဆောင်​သွားကြ ဝွန်း 😂)

အငှါးကား​ပေါ်ကဆင်းပြီး ဒီ​ကျောက်​စလစ်​လမ်း​ကတဆင့်​ အိမ်​ထဲကို ဝမ်​ရိ​ပေါ်​ပြေးဝင်​လိုက်​သည်​ ။ တံခါး​တောင်​ ပြန်​မပိတ်​နိုင်​ပဲ တခန်းဝင်​တခန်းထွက်​ သူ့လူသားကို ဝမ်​ရိ​ပေါ်ပတ်​ရှာမိသည်​ ။

"ကိုကို ... ကိုကို"

ဘယ်​သူမှ ရှိမ​နေ ။ ဒီအချိန်​ဆိုရင်​ ​ကျောင်းပို့လို့ ပြန်​​ရောက်​​နေကျပါ ။ က​လေး​တွေ ​ကျောင်း​နောက်​ကျပြန်​ပြီလား ။ ​အမြန်​​ပြေးလာရတာနဲ့ ​မောလာတာ​ကြောင့်​ သူ​ရေတခွက်​​တော့ ဝင်​​သောက်​လိုက်​​သေးသည်​ ။ သူ ​ရေ​သောက်​​နေတုန်း နံ​ဘေးနား​ရောက်​လာတဲ့ ကျင်း​ကော်​က သူ့အစာခွက်​သူငုတ်​ပြီး စားနေတယ်​ ။

သူ့ကိုနည်းနည်း​လေးမှ​တောင်​ အဖက်​မလုပ်​ ။ ​ရေခွက်​​တောင်​မချနိုင်​ပဲ ထမင်းစားခန်းထဲက ထွက်​ပြီး ဝမ်​ရိ​ပေါ် ဟိုကြည့်​ဒီကြည့်​လုပ်​လိုက်​သည်​ ။ လူရှင်းတာ​သေချာပြီဆိုမှ အထဲပြန်​ဝင်​သွားပြီး ကျင်း​ကော်​ကိုပိတ်​ကန်​လိုက်​​တော့သည်​ ။ အားမပါတာ​ကြောင့်​ နာ​တော့ မနာ​လောက်​​ပေ ။

"မင်း ကျက်​ကျက်​သတိထား​နေ​ ငါပြန်လာပြီဆို​တော့ မင်းငါ့ကိုကိုနား ကပ်​စရာမလို​တော့ဘူး ငါ​ပြောတာကြားလား"

သူကို ကျင်း​ကော်​က ဘုကြည့်​ပြန်​ကြည့်​တယ်​ ။ ဝမ်​ရိ​ပေါ်ကလည်းပြန်​ကြည့်​တယ်​ ။ အပြိုင်​ကြည့်​​နေရင်းမှ သူ့ကို ကျင်း​ကော်​က ​ကျော​ပေးထိုင်​သွား​ကာ သူ့ဗိုက်​သူ လျှာဖြင့်​ လျက်​​နေ​တော့သည်​ ။

"ဘာလဲ မင်းက ငါ့ကို ဂရုမစိုက်​တာလား အဖက်​မလုပ်​တာလား မရို​သေတာလား"

ကျင်း​ကော်ရဲ့​ဗိုက်​ကို လက်​ညှိုးနဲ့ထိုးလိုက်​​တော့ ကျင်း​ကော်​က သူ့ကိုပြန်​ရိုက်​တယ်​ ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Donde viven las historias. Descúbrelo ahora