Part 97 💚❤ ⚠️ (Affectionate Love)

17.8K 1.2K 34
                                    

💓

Affectionate Love

💚❤🔞This is a rated part . So,kids shouldn't read this.

ဝမ်​ရိ​ပေါ်၏နှုတ်​ခမ်းကိုနမ်းရင်​ သူ့ကိုယ်​လုံးကိုမှအားမနာပဲ ဝမ်​ရိ​ပေါ်ရဲ့ခါးကို ​ခြေ​ထောက်​ဖြင့်​ သိုင်းဖက်​လိုက်​တယ်​ ။ ​ရှောင်းကျန့်​ရဲ့ ​ပေါ့ရွှတ်​ရွှတ်​ကိုယ်​လုံး​လေးကို ချီမကာ ဝမ်​ရိ​ပေါ်ကုတင်​ရှိရာသို့လျှောက်​လှမ်းလာလိုက်​သည်​ ။

သူ့က​လေးရဲ့ ခါးကို ​ခြေ​ထောက်​ဖြင့်​ သိုင်းဖက်​ထားတာ​ကြောင့်​ ဝမ်​ရိ​ပေါ် ကုတင်​​ပေါ်ထိုင်​လိုက်​​သည့်​အခါတွင်​ သူ့က​လေးရဲ့​ပေါင်​​ပေါ်တွင်​ ​ရှောင်းကျန့်​ထိုင်​နှင့်​ပြီးသား ။ ဘယ်​​လောက်​ အခွင့်​သင့်​လိုက်​သလဲ ။

"ကျွန်​​တော်​ပလုတ်​ကျင်းဦးမယ်​"

"ပူရှိန်း​လေး ချို​တော့ချိုသား"

ရှောင်းကျန့်​ရဲ့ အပြုံး​တွေ​အောက်​ ဝမ်​ရိ​ပေါ် အခုချိန်​ထိ ကျရှုံး​နေဆဲ ။ သူ့လူသားရဲ့ကိုယ်​ကို ထိန်းကိုင်​ရင်း ​မွေ့ယာ​ပေါ် အသာအယာ ချ​ပေးလိုက်​တယ်​ ။

ပြီး​နောက်​ .......

သူ့လူသားရဲ့ လည်​တိုင်​တွင်​ ဝမ်​ရိ​ပေါ်မျက်​နှာအပ်​ကာ ​ရှောင်းကျန့်​ရဲ့ကိုယ်ကို အုပ်​မိုးရင်း ဖက်​ကာ​နေလိုက်​သည်​ ။ ​ရှောင်းကျန့်​က​တော့ သူ့က​လေးရဲ့ ​ခေါင်းကို အသာပွတ်​​ပေးလို့​နေလိုက်​သည်​ ။

ဘာ​တွေစိတ်​မ​ကောင်းဖြစ်​သွားပြန်​တာလဲ ....... ။

ရှောင်းကျန့်​စဉ်းစားလို့​နေတုန်း .......

"ကိုကို"

"အင်း ငါရှိတယ်​"

"​တောင်းပန်​ပါတယ်​"

"ဘာအတွက်​လဲ"

ဝမ်​ရိ​ပေါ်ရဲ့ လက်​​တွေ ပိုမို တင်းကျပ်​လာ​တော့သည်​ ။ ​ရှောင်းကျန့်​ရဲ့ ညှပ်​ရိုး​ပေါ်တချက်​နမ်းရင်း ......
"ကျွန်​​တော်​ မ​မေ့သင့်​တာ​တွေ ​မေ့ခဲ့တယ်​ကိုကို ကျွန်​​တော့်​ကို ခွင့်​လွှတ်​မယ်​မှတ်​လား"

ရှောင်းကျန့်​ ခပ်​စစ​လေး ရယ်​လိုက်​သည်​ ။ ဒီ​လောက်​ပြီးပြည့်​စုံ​ပြီး သူ့အ​ပေါ်လို​လေ​သေ့မရှိ​စေတဲ့ လူက ​မေ့ခဲ့တယ်​တဲ့ ။ ဒီလို ​တောင်းပန်​ခံရ​တော့ ဘာမှမလုပ်​​ပေးမိတဲ့ ဒီလူက ရှက်​ရယ်​မရယ်​ပဲ ​နေနိုင်​ပါ့မလား ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now