Part 187 💚❤ (💛💛 SanShi 💛💛)

4.2K 635 164
                                    

💓

💛💛 SanShi 💛💛

💚❤

မနက်​ခင်းရဲ့ စား​သောက်​ပွဲအပြီး ...
သူအိပ်​ယာထဲပြန်​လှဲကာ ဝင်​အိပ်​လိုက်​သည်​ ။
တ​ယောက်​ပြီးတ​ယောက်​ ထိခိုက်​​နေသည်​က
သူ့ပါ ​ပြေး​ရှောင်​လို့မရနိုင်​ဖြစ်​​လောက်​သည်​ ဟု ထင်​သည့်​စိတ်​ဖြင့်​ ... ဒီက​နေ့​တော့ အပြင်​ထွက်​ဖို့အစီအစဉ်​​တွေအကုန်​လုံးကိုဖြတ်​​တောက်​ပစ်​လိုက်​သည်​ ။ သူ့အခန်းတံခါးကို တ​ယောက်​ပြီးတ​ယောက်​လာထု၏ ။ အိမ်​သား​တွေဖြင့်​​တောင်​ ထွက်​မ​တွေ့မိ​အောင်​ သူ​ခြုံ​စောင်​ထဲတွင်​ပဲ ကြိတ်​မှိတ်​ကာ​နေလိုက်​တယ်​ ။

ကြွက်​သိုက်​လိုဖြစ်​​နေသည့်​ ဒီအခန်းကျယ်​ထဲ
Weiboတွင်​ hot search တတ်​​နေသည့်​ အ​ကြောင်းအရာ​တွေကို လိုက်​ကြည့်​​နေပြီးသာ မနက်​ခင်းကို အချိန်​ဖြုန်းရန်​အတွက်​ သူ ပြင်​ဆင်​လိုက်​သည်​ ။ ကြိုတင်​ပြင်​ဆင်​မှုတိုင်းက အလုပ်​မဖြစ်​ဘူးဆိုသည်​ကို သူ​မေ့​လျော့​ခဲ့​လေသလား ???

သတင်း​တွေကြည့်​ရင်း ​မှေးစင်းလာသည့်​ မျက်​လုံးတစုံသည်​ အဝင်​ဖုန်းတလုံး​ကြောင့်​ ပြူးကျယ်​သွားခဲ့သည်​ ။ သူဖုန်းမကိုင်​မိခင်​ ​ကုတင်​​ခေါင်းရင်းရှိ နာရီကို သူဖြတ်​ကနဲ​မော့ကြည့်​မိသည်​ ။

7:30AM
နာရီလက်​တံ​လေးသည်​ တ​ရွေ့​ရွေ့ဖြင့်​ လည်​ပတ်​​နေသည်​ ။ သူခတ္တမျှ ဦး​နှောက်​​သေသလိုဖြစ်​ကာ မြည်​​နေသည့်​ဖုန်းကိုမကိုင်​ဖြစ်​ခဲ့ပဲ လွဲ​ချော်​သွားခဲ့သည်​ ။ တဖက်​လူသည်​လည်း ချက်​ချင်းဆိုသလိုပင်​ သူ့အား ထပ်​မံ၍​ ​ခေါ်ပြန်​သည်​ ။ သူ့နိဗ္ဗာန်​ဘုံ​လေးသည်​ အ​ရေးကြီးသည့်​ကိစ္စ​တွေကလွဲလျှင်​ ဘယ်​​သောအခါတွင်​မှ ဖုန်း​ကို နှစ်​ကြိမ်​​ခေါ်ရိုးမရှိ ။ သူ့ကိုဆိုပင်​ နှစ်​ကြိမ်​​ခေါ်ဖို့မ​ပြောနှင့်​ ဖုန်း​ခေါ်သည့်​အကြိမ်​​ရေသည်​ လက်​ငါး​ချောင်း​တောင်​မပြည့်​​သေး ။

သူ​ချောင်းဟန့်​ကာ လည်​​ချောင်းရှင်းလိုက်​ပြီး ဖုန်းကို နားတွင်​​ကပ်​လိုက်​သည်​ ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Donde viven las historias. Descúbrelo ahora