Part 103 💚❤ (The firmness of love 💞)

10.1K 1.5K 362
                                    

💓

The firmness of love 💞

💚❤

သန်း​ခေါင်​ယံအချိန်​က ထုံးစံအတိုင်း​ တိတ်​ဆိတ်​လွန်းတယ်​ ။ လက်​​မောင်း​ပေါ် အိပ်​​နေသည့်​ သူ့လူသားကို ဝမ်​ရိ​ပေါ်ကြည့်​​နေမိသည်​ ။ တရက်​ပြီး တရက်​ကုန်​​နေတာကို သူမကြိုက်​ ။ ည​တွေကုန်​ဆုံးသွားမှာဆိုး၍လည်း အိပ်​မ​ပျော်​နိုင်​ ။

ချစ်​တယ်​ ... အသက်​ထပ်​ ပိုပြီးချစ်​တယ်​ ... ။

"ရိ​ပေါ် ဘာကြည့်​​နေတာလဲ မအိပ်​​သေးဘူးလား"

လှုပ်​လှုပ်​ရှားရှားနိုးလာသည့်​ ​ရှောင်းကျန့်​ရဲ့ မျက်​ဝန်းအိမ်​ကို ဝမ်​ရိ​ပေါ်လက်​မဖြင့်​ ပွတ်​​ပေးလိုက်​သည်​ ။
"နိုးသွားတာလား"

"အိပ်​​တော့ ​ကိုကို အိပ်​ချင်​​နေပြီ" ဝမ်​ရိ​ပေါ်အနားကို ပိုပြီးတိုးကာ တင်းတင်​ကျပ်​ကျပ်​ပင်​ ဖက်​လိုက်​တယ်​ ။ ဒီလိုအိပ်​ရင်​ ​ရှောင်းကျန့်​အတွက်​ အိပ်​မက်​ဆိုး​တွေ ဝင်​မလာတတ်​ဘူး ။

ချက်​ချင်းဆိုသလို ပြန်​အိပ်​​ပျော်​သွားသည့်​ ဒီလူသားကို ​ဝမ်​ရိ​ပေါ် ​စောင်​​သေချာခြုံ​ပေးလိုက်​သည်​ ။ သူတိုက်​ခဲ့တဲ့​ဆေးထဲ အိပ်​​ဆေး တခြမ်းပါ​တော့လည်းမြန်မြန်အိပ်​​ပျော်တာ ဆန်းကြယ်​မ​နေ ။ တ​ရေးနိုးတာသာ ဆန်းကြယ်​​နေတာ ။ အသက်​အရွယ်​ရလာ​တော့ အအိပ်​စက်​လာတာထင်​ပါရဲ့ ။

လိုချင်​တဲ့လူကျ​တော့ မရတာနဲ့ ရနိုင်ေ​သးတဲ့လူ​တွေကျ မလိုချင်​ရတာနဲ့ ။ ဝမ်​ရိ​​ပေါ် သက်​ပြင်းသဲ့သဲ့ ချကာ သူ့လူသားကို ရင်​ခွင်​ထဲ ထည့်​ပြီး မျက်​လုံးမှိတ်​ထားလိုက်​​တော့သည်​ ။

မနက်​ဖြန်​တိုင်းကို စွန့်​ခွာမယ့်​လူ​တွေထဲ သူတို့ မပါ​စေရန်​သာ ဝမ်​ရိ​ပေါ်ဆု​တောင်းပြီး အိပ်​လိုက်​​တော့သည်​ ။ သူတို့ ငါး​ယောက်​ကမ္ဘာ​လေးထဲမှာ အရင်​ဆုံးထွက်​သွားမယ့်​ သူက သူသာဖြစ်​ချင်​သည်​ ။ မကာကွယ်​နိုင်​မှာ ဝမ်​ရိ​ပေါ်​ကြောက်​မိတယ်​ ။

ထွက်​သွားရမယ့်​လူက မခံစားရ​လောက်​ဘူး ။ ကျန်​ခဲ့တဲ့လူသာ ခံစားရမှာ ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now