Part 172 💚❤ (They talked a lot)

3.8K 675 232
                                    

💓

They talked a lot

💚❤

နှင်း​တွေနဲ့ဖြူ​ဖွေး​နေသည့်​ ဒီ​နေရာမှာ ...
ခုံတန်းရှည်​​လေးတခု ။
အနက်​​ရောင်​ လမ်းမီးတိုင်​​တွေက မီးမလင်းလာ​သေးဘူး ။
မိုးမ​မှောင်​​သေး၍ထင်​သည်​ ။
ခုံတန်းရှည်​​ပေါ် လာထိုင်​သည့်​ လူနှစ်​​ယောက်​က
ချစ်​သူစုံတွဲတတွဲ​တော့မဟုတ်​ဘူး ။

ညီအစ်​ကိုနှစ်​​ယောက်​ ။
တ​ယောက်​က ခုံတန်းရှည်​​ပေါ်ထိုင်​တယ်​ ...
ထိုင်​​နေသည့်​အစ်​ကိုရဲ့​ပေါင်​​ပေါ်ကို ​ခေါင်းအုံးရင်းနှင့်​ ​နောက်​တ​ယောက်​ကလှဲအိပ်​တယ်​ ။

လှဲ​နေသူက မြူနှင်း​တွေ၏ဇာတိကို ​မော့ကြည့်​​နေသည်​ ။
သူကြည့်​​နေတုန်းမှာပဲ ...
ကောင်းကင်​ယံမှာ အသံကျယ်​ကြီးတခုကဦးစွာထွက်​လာသည် ။
သူကြည့်​​နေသည့်​ ​ကောင်းကင်​ပြာပြာကြီးမှာ ​လေယာဉ်​တစင်းက ပျံသန်းသွားခဲ့သည်​ ။

သူ​မေးလိုက်​မိသည်​ ။
"ဒီနားက ​လေယာဉ်​လမ်းေ​ကြာင်းသင့်​​တာလား"

"ဟုတ်​မှာ​ပေါ့"

"အဲ့​လောက်​နှင်း​တွေကျ​နေတာကို
လေယာဉ်​​တွေက ထွက်​တာပဲလား"

"တိမ်​​ပေါ်မှာ​တော့ ဘယ်​ရှိ​တော့မလဲ"

"တိမ်​​ပေါ်မှာ ???"
တိမ်​​တွေကို ထိုး​ဖောက်​ကာ
ထိုတိမ်​​တွေအ​ပေါ်မှာ ပျံသန်းရသည်​ပဲ ...
မေ့​လျော့​နေသည့်​အရာကို သူပြန်​သတိရသွားကာ ပြုံးလိုက်​မိသည်​ ။
"ဒါဆို ​အော့​ကော
တိမ်​​ပေါ်မှာ​ရော ဘာရှိ​သေးလဲ"

"မင်းကြီး​တော်​ကြီးရှိတယ်​"

"ဒါဆို ​အော့​ကောက မုန့်​ဖိုးသွားမ​တောင်းဘူးလား"

"ငါရိုက်​သတ်​ရမလား မင်းဟာမင်း​သေမလား"

"အ​ကောင်းနဲ့လည်း အကြံဥာဏ်​​ပေးရ​သေးတယ်​"

အမြဲတမ်းသုံး​ယောက်​တတွဲတွဲက
ယခု​တွေ​တော်​ တ​ယောက်​​က အတူရှိမ​နေ​တော့ဘူး ။
သူသည်​လည်း အချိန်​​ပေးရမယ့်​လူရှိ​နေပြီဆို​တော့
သူတို့နှစ်​​ယောက်​ကပဲ နားလည်​​ပေးရ​တော့မှာ​ပေါ့ ။
ရန်​ဖြစ်​ရသည်​က အရင်​လို​ပျော်​စရာမ​ကောင်း​တော့ဘူး ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now