Part 155 💚❤ (The first snow day of the year)

4.5K 706 66
                                    

💓

The first snow day of the year

💚❤

တောက်​ပတဲ့​နေ​ရောင်​​အောက်​မှာလူ​စောင့်​ရင်း သူရပ်​​နေမိသည်​ ။ ဒီအချိန်​မှာ ​အလုပ်​သွား​ကျောင်းသွားတဲ့လူ​တွေကလည်းအများသား ။ ပြန်​မ​ရောက်​ချင်​သည့်​ ဒီ​နေရာကို သူပြန်​​ခြေချမိ​တော့ စိတ်​ရှုပ်​လာကာ ခပ်​တင်းတင်းချည်​ထားတဲ့ နက်​စ်​တိုင်​ကို ဆွဲ​ဖြေလိုက်​သည်​ ။ သူ့အမူအရာကို ဝမ်​ကျိုးယွဲ့မြင်​​တော့ သူ့ရဲ့ လက်​ကို သူမသိုင်းချိတ်​လိုက်​သည်​ ။
"စန်း​ကော လာသွားကြမယ်​"

ဝမ်​ကျိုးယွဲ့ကိုသူသိသိသာသာကြီးပဲ မျက်​​စောင်းလှလှကြီးထိုးချလိုက်​သည်​ ။ သူစိတ်​ဆိုးသွားသည်​ကို သိ၍ ဝမ်​ကျိုးယွဲ့က သူမချိတ်​ထားသည့်​ သူ့လက်​​မောင်းကို​ခေါင်းနဲ့​ပြေး​ဝှေ့သည်​ ။
"စန်း​ကောရာ ယွဲ့ယွဲ့က ဒါ​လေးစားချင်​လို့ဟာကို"
အသားကင်​​ချောင်းကို ကိုက်​ရင်း ဝမ်​ကျိုးယွဲ့ စချွဲသည်​ ။

မ​နေ့ညကတည်းက စားချင်​​နေတဲ့တုတ်ထိုး​အသားကင်​ကို ဒီ​နေ့ည​နေအထိ​တောင်​ မ​အောင့်​အီနိုင်​​တော့တာ​ကြောင့်​ ​ကျောင်းမ​ရောက်​ခင်​ ချက်​ချင်းပဲ ဒီဘက်​​ကျောင်း​ရှေ့ကို တဇွတ်​ထိုးလိုက်​ပို့ခိုင်းသည်​ ။

ဝမ်​ချီစန်း​ပြောလိုက်​သည်​ ။
"မင်းစားချင်​တာအ​ကြောင်းမဟုတ်​ဘူး ငါ့ရဲ့အတိတ်​အ​ကြောင်းအရာ​လေး​တွေပြန်​သတိရသွားပြီဟ"

"စန်း​ကော ... " ပစ်​ချွဲ​နေတဲ့ တဝမ်းကွဲညီမကို ဝမ်​ချီစန်း​ခေါင်းကကိုင်​ပြီးတွန်းထားလိုက်​သည်​ ။ သူမကလည်း သူ့ကို​ခေါင်းနဲ့အတင်းပြန်​တွန်း​နေသည်​ ။

"ပါးပါးတို့​နောက်​တ​ယောက်​ထပ်​မ​မွေးတာ ​တော်​​တော်​​ကောင်းသွားတာပဲ"

"ဘာဆိုင်​လို့လဲ"

"ဘာဆိုင်​ရမှာလဲ မင်းကတီတီမုန့်​ရဲ့သမီးမို့လို့​ပေါ့
ငါ့ညီမအရင်းသာဆို ​ဇတ်​လိမ်​ချိုးတာကြာပြီ"

နှစ်​​ယောက်​သား သတ်​​နေကြတဲ့အချိန်​ သူတို့အနားကို ရှစ်​ရှန်းလူ​ရောက်​လာပြီး ...
"မင်းတို့ သူများ​ကျောင်း​ရှေ့လာရန်​မဖြစ်​နဲ့စမ်းကွာ"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Hikayelerin yaşadığı yer. Şimdi keşfedin