Part 137 💚❤ (Have given up)

7K 1K 124
                                        

💓

Have given up

💚❤

နှုတ်​ခမ်းကို မထိတထိကိုင်​မိတယ်​ ။ စိတ်​​တွေ​ယောက်​ယက်​ခပ်​​နေတယ်​ ။ ရှုပ်​​ထွေး​နေတဲ့အ​တွေး​တွေကို ​ပျောက်​​အောင်​ အိပ်​ရာထဲလှဲရင်း လိုင်းဖွင့်​ကာ သုံးမိပြန်​တယ်​ ။ သူ့ရဲ့ accountမှန်​သမျှကို unfollow လုပ်​သွားတဲ့လူ​ကြောင့်​ ရှာ့ထျန်းရှီမျက်​လုံး​တွေပြူးကျယ်​သွား​တော့သည်​ ။ တဖက်​က ဝမ်​ချီစန်းက ရှာ့ထျန်းရှီရဲ့ဖုန်းနံပါတ်​ကိုပါ ဖြတ်​ပစ်​လိုက်​ပြီ ။ ရှာ့ထျန်းရှီလည်း ချက်​ချင်း ထထိုင်​လိုက်​တယ်​ ။ ဘာပဲဖြစ်​ဖြစ်​ ​ကောင်းတာပဲ​လေ ... ။

တညလုံးအိပ်​မ​ပျော်​​တဲ့ ဝမ်​ချီစန်းက မနက်​၆နာရီမှာ​မှေးကနဲ အိပ်​​ပျော်​သွားခဲ့တယ်​ ။ အိပ်​မက်​​တွေထဲမှာ​တောင်​ သူငို​နေရတယ်​ ။ အိပ်​မက်​ထဲမှာကျတဲ့မျက်ရည်ကို​တောင်​ အိပ်​မက်​အပြင်​အထိ သူသယ်​လာမိသည်​ ။

ဆက်​ကနဲ လန့်​နိုးလာ​တော့ 6:15 AM

၁၅မိနစ်​က​လေး အိပ်​​ပျော်​တာ​တောင်​ အိပ်​မက်​ထဲအထိငိုရတာလား ။ လှဲမ​နေချင်​​တော့တာနဲ့ အ​ပေါ်အင်္ကျီကိုဆွဲချွတ်​ပြီး ​ရေချိုးခန်းထဲဝင်​လိုက်​တယ်​ ။ ​ရေပန်း​အောက်​ ရပ်​​နေရင်း သူဘာ​ကြောင့်​ဒီလိုငိုခဲ့တာလဲဆိုတဲ့အ​တွေး​တွေက ဝင်​လာပြန်​တယ်​ ။ ထိုအ​တွေး​တွေရဲ့​နောက်​မှာကပ်​ပါလာတာက ...
တကယ်​လို့နှစ်​​ယောက်​ပျက်​ခဲ့ရင်​​တောင်​ အစ်​ကိုရဲ့ချစ်​သူ​ဟောင်းနဲ့သူချစ်​ခွင့်​ရှိ​ပါ​တော့မလား ဆိုတဲ့အ​တွေး ။ ဒီ​မျှော်​လင့်​ချက်​အ​တွေးကြီးကမထား​ကောင်းမှန်းသူသိတယ်​ ။ ဒါ​ကြောင့်​တသက်​လုံး​ဝေးရပြီဆိုတဲ့အ​တွေး​ကိုသူ​တွေးပစ်​လိုက်​တယ်​ ။ ဒီအ​တွေး​ကြောင့်​ပဲ သူထက်​ပြီးငိုမိပြန်​တယ်​ ။ သူစိမ်းကို​တောင်​မှ အ​ခေါ်အ​ပြောပါလုပ်​ခွင့်​မရှိ​တော့တဲ့ သူစိမ်း​တွေဖြစ်​သွားကြမှာ ။ သူဆက်​ပြီးငိုမိပြန်​တယ်​ ။ ငိုရတာပင်​ပန်းလာ​တော့ ​ရေပန်း​ကိုပိတ်​ပြီး ​ရေချိုးခြင်းကိုအဆုံးသတ်​လိုက်​တယ်​ ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Où les histoires vivent. Découvrez maintenant