Part 81 💚❤ (Love is forgiveness 💞)

13.7K 1.6K 311
                                    

💓

Love is forgiveness 💞

💚❤

"ရိ​ပေါ် ငါ​မေးတာ​ဖြေဦး ပါးပါးက​လေးဆိုရင်​ ပြီးပြီ​လေ ဘာလို့ မင်းက ဒါ​တွေထည့်​​နေတာလဲ"

ဝမ်​ရိ​ပေါ် လှည့်​ပင်​မကြည့်​ပဲ ​တွေ့သမျှအကုန်​​ကောက်​ထည့်​​နေ​တော့သည်​ ။

"ဝမ်​ရိ​ပေါ်! ငါ​မေးတာ​ဖြေဦး"

ရှောင်းကျန့်​ စိတ်​​ပေါက်​​ပေါက်​နဲ့ ​အော်​ထည့်​လိုက်​မှ ပစ္စည်းထည့်​​နေသည့်​ ဝမ်​ရိ​ပေါ်လက်​ ရပ်​တန့်​သွား​တော့သည်​ ။

"Beijing"

ရှောင်းကျန့်​စိတ်​သက်​သာရာ ရသွားကာ သက်​ပြင်း​ငွေ့​ငွေ့​လေး ချလိုက်​ပြီး .....
"​အော်​ ..... အလုပ်​လား အင်း ကိုကို ဘာထည့်​​ပေးလိုက်​ရမလဲ"

ရှောင်းကျန့်​ကို ဝမ်​ရိ​ပေါ်မသက်​မသာ ရုပ်​နဲ့ လှည့်​ကြည့်​လိုက်​တယ်​ ။ အိမ်​ထဲမှာ ​နေရင်​ တကယ်ကို တုံးအ သွားတတ်​တာလား ။ သူဘာဖြစ်​​နေလဲ တကယ်​ မသိတာလား ။

"မလိုဘူး"

"အင်း ချီရီက ​ပြော​နေတယ်​ ​ကျောင်းကားမစီး​တော့ဘူးတဲ့ မှီတာလဲမဟုတ်​​တော့ အိမ်​ကပဲ လိုက်​ပို့တဲ့"

ရှောင်းကျန့်​ကို ​ကျောခိုင်းကာ ဝမ်​ရိ​ပေါ် နားစွင့်​ရင်း .....
"ဒါသူတို့ သ​ဘောပဲ​လေ"

"ဒါဆို ကိုကိုလိုက်​ ..... "

"ကျွန်​​တော်​ပြန်​လာတဲ့ အထိ​တောင်​ မ​စောင့်​နိုင်​ဘူးလား"

ဝမ်​ရိ​ပေါ်ရဲ့ လှည့်​​အော်​လိုက်​တဲ့အသံ​ကြောင့်​ ​ရှောင်းကျန့်​မျက်​လုံး​လေးပြူးသွား​တော့သည်​ ။ သူစကား​ပြောမှားသွားတာလား ။

"မဟုတ်​ဘူး​လေကွာ သူတို့်မှ ​စော​စောမနိုးတာ"

"တရက်​နှစ်​ရက်​​လေး ​စောထရလို့ အဲ့​ကောင်​​တွေက ​သေသွားမှာမို့လို့လား"

"ရိ​ပေါ် ဘာ​တွေ ​ဒေါသဖြစ်​​နေတာလဲ"

"ဘာမှမဖြစ်​ဘူး"

ဝမ်​ရိ​ပေါ် စိတ်​ပျက်​စွာပင်​ အိတ်​ကိုလွယ်​ပြီ ​ရှောင်းကျန့်​လက်​ထဲမှ စာရွက်​ကိုဆွဲယူကာ အိမ်​ပြင်​ထွက်​လာခဲ့လိုက်​တယ်​ ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Dove le storie prendono vita. Scoprilo ora