Part 38 💚❤ (Wedding Anniversary)

18.6K 1.7K 145
                                    

💓

💚❤

အနီ​ရောင်​ ဖ​ယောင်းတိုင်​ ပုပုလုံးလုံး​လေး​တွေကို ဝမ်​ရိ​ပေါ် မီးညှိ​နေရင်း လက်​များ တုန်​ရီ​နေ​တော့သည်​။ဒါ​နောက်​ဆုံးဖြစ်​သွားနိုင်​သလို ပြန်​စခြင်းလဲဖြစ်​နိုင်​သည်​။

"ဒါရိုက်​တာ ကျွန်​​တော်​ ကူ​ပေးရမလား"

"​နေ"

သူကိုယ်​တိုင်​ပဲ ပြင်​ဆင်​ချင်​သည်​။သူ့လက်​နဲ့ သူကိုယ်​တိုင်​ပဲ။
သူ့လူသားရဲ့အကြိုက်​ဆုံးအ​ရောင်​အတိုင်း ရဲရဲနီ​နေတဲ့ နှင်းဆီပန်း ၉၉၉ ပွင့်​။အပိုအလိုမရှိ။

ရှောင်းကျန့်​တ​ယောက်​ အားတင်းကာပင်​ ​​ပန်းခင်းလမ်းအတိုင်း ​လျှောက်​ကာ လာခဲ့သည်​။

သူ​တောင်​ မသိ​တော့သည့်​ သူ​ဆေးရုံတတ်​တုန်းက ပုံ​လေး​တွေကအစ အခုချိန်​ထိ သူ့က​လေးသိမ်းထားတာလား......။

ဘေးတဖက်​တချက်​မှာ ​ပြေး​နေသည့်​ ဓာတ်​ပုံ​လေး​တွေ။
ဘယ်​လိုနည်းပညာနဲ့လဲ........။

ရှောင်းကျန့်​ လက်​ဖြင့်​တို့လိုက်​သည်​။မှန်​သားပြင်​.....တို့လိုက်​တာနဲ့ လှိုင်းထသွားသည့်​ မှန်​သား....။

သူ​​ခြေတလှမ်းလှမ်းတိုင်း နှင်းဆီပန်းခင်းထားသည့်​ ​ဘေးမှ Auto မီးသီး​လေးများကို လမ်း​လျှောက်​ရင်း ငုတ်​ကြည့်​​နေမိသည်​။

ရှေ့တွင်​ လာရပ်​သည့်​ အလှမျက်​နှာဖုံးနှင့်​ လူနှစ်​​ယောက်​။
ရှောင်းကျန့်​​ငေးကာကြည့်​​နေရင်း ထိုလူ​နှစ်​​ယောက်​က သူ့ကိုဆွဲ​ခေါ်သွား​တော့သည်​။

2min စာ video​လေးအတွက်​ ပိတ်​ကားချပ်​​ရှေ့ကို ​ရှောင်းကျန့်​ကို ဆွဲ​ခေါ်သွားခြင်းဖြစ်​သည်​။

"Hello ကိုကို ကျွန်​​တော့ရဲ့အိမ်​သူ​လေး
ကြည့်​ပါဦး အိပ်​​နေလိုက်​တာများ"

က​လေးသုံး​ကောင်​နှင့်​ အိပ်​ကာ​နေသည့်​ သူ့ပုံ။ရှေ့နှုတ်​ခမ်း​လေး​ထော်​ကာ သွား​လေးနှစ်​​ချောင်း​ပေါ်​နေသည့်​ သူအိပ်​​နေသည့်​ပုံ။
ရှောင်းကျန့်​ရယ်​မိပြီ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now