Part 146 💚❤ (Wang QI Er should be spying)

5K 892 63
                                    

💓

Wang QI Er should be spying

💚❤

ဒီည​နေပိုင်းမှာ ဟန်းနီးမွန်းအတွက်​ဆိုကာ အိပ်​ခန်းထဲသူတို့နှစ်​ဦး​သာဝတ်​​တွေထည့်​​နေကြတယ်​ ။ စနစ်​ကျလွန်းတဲ့ ဒီလူသားက​တော့ လိမ်းတဲ့ ခြင်​​ဆေးဗူးကအစ တခုမကျန်​ကို ​​သေချာထည့်​​နေရင်း အလုပ်​ရှုပ်​လို့​နေသည်​ ။ ဝမ်​ရိ​ပေါ်က​​တော့ ဖုန်းတလုံးနဲ့ အိပ်​ရာ​​ပေါ် အလုပ်​ရှုပ်​​ချင်​​ယောင်​​ဆောင်​ကာ​နေတယ်​ ။ သတိလက်​လွတ်​ပုံ​တွေကြည့်​​နေမိတဲ့အချိန်​မှာ ဝမ်​ရိ​ပေါ်ရဲ့​ပေါင်ေ​ပ်ါကို​ရှောင်းကျန့်​ရဲ့​ခြေ​ထောက်​က ​ရောက်​လာသည်​ ။

"အ"
"ရိ​ပေါ် မင်းလဲမင်းအဝတ်​မင်းထည့်​ဦး"

အသည်းအသန်​ကုန်းထကာ ထိုင်​ပြီးမှ ...
"ခဏ​လေးကိုကိုရဲ့ ဒီမှာ အခန်းစီစဉ်​​နေလို့"

"အခုတ​လော မင်းတ​နေ့တခြားအပျင်းတစ်​​နေတယ်​​နော်​ဝမ်​ရိ​ပေါ် ဒါနဲ့ဘယ်​​နေ့စသွားမှာလဲ က​လေး​တွေ​ကျောင်းကို မင်းခွင့်​သွားတိုင်​​ပေးဦး"

"Honeymoonပါဆို နှစ်​​ယောက်​ထဲ​ပေါ့ သူတို့ကို ကိုကို့ဗိုက်​ထဲပြန်​ထည့်​လို့မှမရတာ"

"မင်းဟာ​လေ" ​ရှောင်းကျန့်​ဒါပဲ​ပြောနိုင်​​တော့သည်​ ။ ဒီက​လေး​တော့ ... ။

"ချီရီက သင်​တန်းမှာကန့်​ရှိလို့သူမလိုက်​ဘူး​ပြောတယ်​ကိုကို အငယ်​နှစ်​​ကောင်​ကို​တော့ ပါးပါးအိမ်​ခဏပို့ထားမယ်​"

"မင်းသွား​တောင်းပန်​ပြီးပြီလား"
ထိုအခါမှ အ​ဖေကိုသွား​ချော့ဖို့ ဝမ်​ရိ​ပေါ်သတိရသည်​ ။
"က​လေး​တွေပို့ရင်းနဲ့မှပဲ​တောင်း ... အား ကိုကို" ​ရှောင်းကျန့်​​ခြေဖမိုးနဲ့ ဝမ်​ရိ​ပေါ်ရဲ့​ပေါင်းကိုဖြတ်​ကန်​လိုက်​တယ် ​။ ဒီက​လေးက​တော့ ဒီဟာကျ အပျင်းကတစ်​ပြီး မဟုတ်​တာကျ အရမ်းကို တတ်​ကြွလွန်းတာပဲ ။

"မင်းအဲ့လို​တွေလုပ်​​လေ မင်းအ​ဖေက ငါ့ကိုအမြင်​မကြည်​ပဲ​နေမှာ​ပေါ့"

"မကြည်​ရဲမကြည်​ ကြည့်​ပါလား ဝမ်​ရိ​ပေါ်ဆိုတဲ့ကျွန်​​တော်​က ငြိမ်​ အား!!"
ကုတင်​​ပေါ်က ဝမ်​ရိ​ပေါ်ကို​ခြေ​ထောက်​ကကိုင်​ကာ ​ရှောင်းကျန့်​ဆွဲချလိုက်​တယ်​ ။
"သွား အမှိုက်​သွားလွှတ်​ပစ်​သွား"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now