Part 86 💚❤ (Travel for work 😭)

12.8K 1.4K 115
                                    

💓

Travel for work 😭

💚❤

"ပါးပါး​ရော"

ထမင်းပန်းကန်​လုံး​တွေချ​ပေး​နေတဲ့ ဝမ်​ရိ​ပေါ်ကို ဝမ်​ချီရီ ​မေးလိုက်​​တော့ ဝမ်​ရိ​ပေါ် ရဲ့ မျက်​​စောင်း​တွေက က​လေး​သုံး​ယောက်​​ပေါ်သို့ အလိုလို ကျ​ရောက်​လာတယ်​ ။ ဝမ်​ချီရီရဲ့ အ​မေးကို ဝမ်​ချီ​အော့နှင့်​ ဝမ်​ချီစန်းကပါ ပြူး​ကြောင်​​ကြောင်​နဲ့ နားစွင့်​​နေ​တော့သည်​ ။

"အိပ်​​နေတယ်​"

ဝမ်​ချီ​အော့က အလိုသိစွာ .....
"ပါးပါး​ရော တခါထဲဝင်​မစားဘူးလား"

ရှောင်းကျန့်​မပါရင်​ ဝမ်​ရိ​ပေါ် ထမင်းဝင်​မစားသည်​ကို သိသိကြီးနဲ့ ​မေးလိုက်​သည့်​ ဝမ်​ချီ​အော့ကို ဝမ်​ချီစန်း တံ​တောင်​ဖြင့်​ မသိမသာ တို့လိုက်​သည်​ ။

အ​အော်​ခံရမှ မှတ်​မယ့်​​ကောင်​ ....... ။

"စားနှင့်​"

ဧည့်​ခန်းမှ ဖုန်​လာတာ​ကြောင့်​ ဝမ်​ရိ​ပေါ် ထမင်းစားခန်းမှ ထွက်​လာခဲ့လိုက်​သည်​ ။

ဝမ်​ချီစန်းက .....
"​မင်းသိသိကြီးနဲ့ သွား​မေး​နေ​သေးတယ်​ ဟိုက ​အော်​လိုက်​မှ ..... "

"အား! ​အေး​ပါ! ​အေးပါ! ငါ့ကိုက ပါးစပ်​ပိတ်​ဖို့အကျင့်​ပါမလာလို့ ​မေးမိတာ!"

ဝမ်​ချီစန်း၏စကားကို ဆုံး​အောင်​နားမ​ထောင်​ပဲ ဝမ်​ချီ​အော့ပြန်​​အော်​​တော့သည်​ ။

ဝမ်​ရိ​ပေါ် ဖုန်းကိုင်​လိုက်​သည်​နှသ့်​ ယွီပင်းအသံကို ကြားလိုက်​​တော့သည်​ ။
"ရိ​ပေါ် ရှန်​ဟိုင်းက အလုပ်​ရုံ မီး​လောင်​လို့တဲ့ မင်းကို ဆက်​သွယ်​လို့မရလို့တဲ့ ကျိုးချန်​ကို ဖုန်းဆက်​​တယ်​"

ဒီရုံးခွဲက တခုမဟုတ်​ တခုဖြစ်​ဖြစ်​​နေသည်​​ကြောင့်​ ဝမ်​ရိ​ပေါ် စိတ်​ရှုပ်​ခဲ့ရသည်​က အခါခါ ။ ရုံးခွဲပိတ်​ဖို့​ စိတ်​ကူးမိခဲ့တာလဲအခါခါ ။ သူ့သားအပိုင်​ ဖြစ်​​နေတာ​ကြောင့်​ ဝမ်​ရိ​ပေါ် ထိုစိတ်​ကူးကို ဖြတ်​ရတာလဲ အခါခါပဲ ။

"အင်း အ​ခြေအ​နေ ​ဘယ်​လိုလဲ"

"​တော်​​တော်​ဆိုးတယ်​ ရိ​ပေါ် မီး​တော့ငြိမ်​သွားပြီ​ပြောတယ်​ ငါ အခု ကား​ပေါ်မှာ သွား​နေပြီ ဖြစ်​နိုင်​ရင်​ မင်း ဒီညပဲဖြစ်​ဖြစ်​ ..... "

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now