Part 83 💚❤ (Endless Love 💛)

14.4K 1.6K 200
                                    

💓

Endless Love 💛

💚❤

ဝမ်​ရိ​ပေါ်​​​ရေချိုးခန်း​ထဲမှ ထွက်​ထွက်​ချင်း ကုတင်​​ပေါ်တွင်​​ခြေ​ထောက်​ချိတ်​ကာထိုင်​​နေပြီး လက်​ပိုက်​ကာ မျက်​​ထောက်​နီဖြင့်​ စိုက်​ကြည့်​​နေသည့်​ သူ့လူသား​ကြောင့်​ ​ချော်​မလဲရုံတမယ်​ဖြစ်​သွားခဲ့တယ်​ ။

"အဲ့ဒါ ဘာဝင်​လုပ်​တာလဲ"

ကြားကြားချင်း​တော့ ဝမ်​ရိ​ပေါ် ​ဘာမှန်းမသိ ဖြစ်​သွားပင်​မယ့်​ ​နောက်​မှ အ​တွေး​ပေါက်​သွား​တော့တယ်​ ။

"အိမ်​သာထဲဝင်​ပါတယ်​ဆိုမှ အိမ်​သာတတ်​တာ​ပေါ့ဗျ"

အိမ်​သာနဲ့​ရေချိုးခန်းက တဆက်​တည်းဖြစ်​ပင်​မယ့်​ ​ရှောင်းကျန့်​မယုံ​သေး ။

"ဒါဆို မင်း နှဖူးက​ချွေး​တွေက ဘာလို့ထွက်​​နေတာလဲ"

တရားခံစစ်​ စစ်​​နေသည့်​ သူ့လူသား​ကြောင့်​ နည်းနည်း​တော့ ရယ်​ချင်​သွားသည်​ ။ ​ပြေးသာ ဖက်​နမ်းချင်​​နေမိတယ်​ ။ ကြုံရင်​ အိမ်​သာထဲ Air-con တတ်​ထားရမယ်​ ..... ။

ရှောင်းကျန့်​ကဆက်​၍ .....
"မင်း စိတ်​ထဲ ဘယ်​သူရှိ​နေပြန်​တာလဲ"

ဟော့ ပြသနာရှာ​နေလိုက်​ပုံများ အာ​ခေါင်​​ခြောက်​စရာ ။ ဝမ်​ရိ​ပေါ်​ခြောက်​​နေသည့်​ နှုတ်​ခမ်းကို လျှာဖြင့်​သပ်​လိုက်​တယ်​ ။

ဟူး ဒီတ​ယောက်​​တောင်​ တ​နေ့တမျိုးမရိုးရ​အောင်​ ချစ်​ဖို့​ကောင်း​နေတာ ​နောက်​တ​ယောက်​ဆိုတာ ​ခေါင်းထဲရှိပါ့မလားကွာ ...... ။

ဝမ်​ရိ​ပေါ်​တွေးရင်း သက်​ပြင်းချလိုက်​တယ်​ ။

ဝမ်​ရိ​ပေါ် ပြန်​မ​ဖြေပဲ ချိတ်​ထားသည့်​ မျက်​နှာသုတ်​ပဝါကိုယူကာ မှန်​ကြည့်​ရင်း မျက်​နှာကို သုတ်​​နေလိုက်​တယ်​ ။ ထိုအပြုအမူ​ကြောင့်​ ​ရှောင်းကျန့်​​ဒေါသပိုဖြစ်​သွား​တော့သည်​ ။

"ဝမ်​ရိ​ပေါ် ငါ​မေးတာ​ဖြေဦး"

"မျက်​နှာသစ်​လာတာ"

"​အော်​ အဲ့လိုလား မသိပါဘူး ဘာများလုပ်​လာလဲလို့ စိတ်​​တောင်​ပူသွားတယ်​"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now