Part 188 💚❤ (He and I , our feelings)

3.9K 587 189
                                    

💓

He and I , our feelings

💚❤

"ပြန်​​ရောက်​ပါပြီ"
အိမ်​ပြန်​​ရောက်​လာသည့်​ လူတိုင်း ​ပြော​နေကြစကားတခွန်း ။

ဧည့်​ခန်းထဲတွင်​ ထိုင်​​စောင့်​​နေသည့်​ဝမ်​ရိ​ပေါ်သည်​ မျက်​နှာတင်​မာလို့ထား၏ ။ သူ​ခေါင်းငုတ်​ကာ ဖြတ်​​လျှောက်​လိုက်​သည့်​အခါ ဝမ်​ချီ​အော့သည်​ သူ့အနားအ​ပြေးလာပြီး သူ့တကို​ယ်​လုံးကို နှာ​ခေါင်းတရှုံ့ရှုံ့ဖြင့်​ အနံ့ခံ​သည်​ ။

"ဘာလဲ"
ဝမ်​ချီစန်း​မေးလိုက်​ပင်​မယ့်​ ဝမ်​ချီ​အော့သည်​ သူ့အားဂရုပင်​မစိုက်​ပဲ ဝမ်​ရိ​ပေါ်ဘက်​ကိုသာလှည့်​ပြီး သူ့ကိုလက်​ညှိုးထိုးကာ ​ပြောလိုက်​သည်​ ။
"ဟုတ်​တယ်​ပါးပါး သူတကယ်​!စာလုပ်​လာတာပဲ"
အံ့ဩမှု​တွေဖြင့်​ သူ့အားလက်​ညှိုးထိုး​ပြော​နေတာ​ကြောင့်​ သူ့သည်​လည်း သူ့ကိုယ်​သူ အနံ့ပြန်​ခံကြည့်​မိသည်​ ။ အဝတ်​တွင်​စွဲ​လာသည့်​ စာအုပ်​အသစ်​နံ့နှင့်​လက်​ဖဝါးတွင်​ထင်​ကျန်​​နေသည့်​ မှင်​ရာ​တွေသည်​ သူစာလုပ်​လာ​ကြောင်းကို သက်​​သေပြ​နေသည်​ ။

"အဲ့ဒါနဲ့ပဲ ငါ့ဆိုင်​ကယ်​ကို အပြင်​မှာထားခဲ့တယ်​​ပေါ့ ... တ​ယောက်​​ယောက်​ကို လာယူခိုင်းလို့​ပြောရ​အောင်​ မင်းအ​ဖေက ငါ့ကိုဒီအချိန်​အပြင်​ထွက်​ခိုင်း​တော့လို့လား"
ဝမ်​ရိ​ပေါ်သည်​ ​ရေခဲ​ရေဖြင့်​ မျက်​နှာသစ်​ထားသကဲ့သို့ ​သူ၏မျက်​နှာသည်​ ​အေးစက်​ကာ တင်းမာ​နေသည်​ ။ ဝမ်​ချီစန်းသည်​ လက်​တွင်​ပတ်​ထားသည့်​ နာရီကို ငုတ်​ကြည့်​ပြီး ​ပြောလိုက်​သည်​ ။
"အ​စောကြီးရှိ​သေးတာကို"

"အဲ့အ​စောကြီး​တောင်​ မင်းရုပ်​ကဘာဖြစ်​​နေတာလဲ ... စာ​လေးတရက်​သွားလုပ်​တာကို ​သေ​တော့မယ့်​လူလိုပဲ .. သွား ... အိပ်​​တော့ ..."

မျက်​လုံး​တွေ​မှေးစင်း​နေသည့်​ ဝမ်​ချီစန်းသည်​ ဝမ်​ရိ​ပေါ်ကို ​တ​ရိုတ​သေဖြင့်​ ​ခေါင်း​ညိတ်​ကာ ​လှေကား​ထစ်ေ​တွ​ပေါ် ယိုင်​တိယိုင်​တိုင်​ဖြင့်​ တတ်​သွားခဲ့သည်​ ။ ဝမ်​ချီစန်း​နောက်​ ​ပြေးလိုက်​သွားသည့်​ ဝမ်​ချီ​အော့သည်​ ဝမ်​ချီစန်းလက်​ထဲရှိ အထုပ်​ကို မျက်​​စေ့ကျ​နေ၏ ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now