Part 154 💚❤ (They have a warm family home)

4.6K 778 50
                                    

💓

They have a warm family home

💚❤

နေ့တ​နေ့ရဲ့ အစမှာ
ဝမ်​ကျိုးယွဲ့က အစ်​ကိုဖြစ်​သူ​တွေရဲ့အခန်းတံခါးကို တခန်းကိုသုံးချက်​စီလိုက်​​ခေါက်​ပြီး နှိုးတယ်​ ။ အရင်​လို တခန်းထဲ စုပြီး မအိပ်​ဖြစ်​သည်​က တနှစ်​နီးပါး ရှိပြီ ။
သိသိသာသာအခန်းခွဲအိပ်​ဖြစ်​တာဘယ်​တုန်းကများလဲ ၊
လူပျို​ဖော်​ စဝင်​ခါစလို့​ပြောရမလား ၊
အဲ့လိုအချိန်​​လောက်​က​ပေါ့ ။
အိပ်​ရာမထချင်​​သေးတဲ့ သူတို့သုံး​ယောက်​ဟာလည်း မတိုင်​ပင်​ထားပဲ ​ခေါင်း​ပေါ် ​ခေါင်းအုံးဖိကာ ပြန်​အိပ်​ကြသည်​ ။ အခန်းထဲက သုံး​ယောက်​ရဲ့ ပြန်​ထူးသံမကြားတာ​ကြောင့်​ ဝမ်​ကျိုးယွဲ့က ​ပြောလိုက်​သည်​ ။
"​ယွဲ့ယွဲ့နှိုးတာမထရင်​ ကျဲကျဲလာနှိုးလိမ့်​မယ်​​နော်​"

ဝမ်​ချီစန်းရဲ့အသံက ဦးဆုံးထွက်​လာသည်​ ။
"ထပြီလို့"

ဝမ်​ချီ​အော့ကလည်း မကြားတကြား​ပြောလိုက်​သည်​ ။
"အဲ့ဟာနဲ့ပဲ ကိုင်​​ပေါက်​​နေတာ ဒီတသက်​ပြီးဦးမှာလား"

သူတို့ရဲ့အခန်းကိုယ်​စီထဲမှ ပြိုင်​တူ​အော်​သံက ထွက်​​ပေါ်လာခဲ့သည်​ ။ ထိုအခါမှသာ ဝမ်​ကျိုးယွဲ့ ပြုံးစိပြုံးစိလုပ်​ကာ ခုန်​​ပေါက်​ရင်း ​လှေကား​ပေါ်မှ ဆင်းလိုက်​သည်​ ။

"​လေး​လေး​ရှောင်း ကိုကိုတို့ကို ယွဲ့ယွဲ့ နှိုးပြီးပြီ"

"အင်း ကျိုးယွဲ့ကလိမ္မာတယ်​"
ဝမ်​ကျိုးယွဲ့ရဲ့ ​ခေါင်းကို ပုတ်​​ပေးဖို့လက်​ရွယ်​မိတုန်း
သူတို့အနား​ရောက်​လာတဲ့ ဝမ်​ရိ​ပေါ်က
ဝမ်​ကျိုးယွဲ့ကို မျက်​​ထောက်​နီနဲ့ကြည့်​သည်​ ။
"ကိုကို ကျွန်​​တော်​လဲနိုးပြီ"

ဝမ်​ကျိုးယွဲ့၏​ခေါင်းကို ပုတ်​ရန်​ ရွယ်​မိသည့်​သူ့လက်​ကို ဝမ်​ရိ​ပေါ်​ခေါင်းဆီ လွှဲ​ပြောင်းကာ တင်​လိုက်​ပြီး ​ရှောင်းကျန့်​​ပြောလိုက်​သည်​ ။
"လိမ္မာတယ်​"
အူပုတ်​ကိုကြည့်​ပြီး  ဝမ်​ကျိုးယွဲ့ ကြိတ်ရ​ယ်​သည်​ ။

ဝမ်​ရိ​ပေါ်က ဝမ်​ကျိုးယွဲ့ကို ​မေးလိုက်​သည်​ ။
"နင့်​အစ်​မ​ရော"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now