Part 24 💚❤ (Love=Love)

21.2K 1.4K 91
                                    

💓

💚❤

ရုံးခန်းထဲဝင်​လာသည့်​ ယွီပင်းကို ဝမ်​ကျိုးချန်​လက်​ပြလိုက်​ကာ...
"သတင်းထူး​ပြောရဦးမယ်​​ယောက်​ဖ​ရေ"

"အင်း" ကိုက်​ခဲ​နေသည့်​ ​ခေါင်းကို အသာနှိပ်​ရင်း ခုံတွင်​ ယွီပင်း ဝင်​ထိုင်​လိုက်​သည်​။

"ရိ​ပေါ် အလုပ်​ပြန်​ဝင်​မလိုတဲ့"

"ဘာ ဘယ်​​နေ့လဲ ဒီ​နေ့လား"

ထိတ်​လန့်​​နေသည့်​ ယွီပင်းကို ကြည့်​ပြီး ဝမ်​ကျိုးချန်​​အေး​အေး​ဆေး​ဆေးပင်​။ဘာလို့ ဒီ​လောက်​လန့်​​နေတာလဲယွီပင်း....။
"ဟင့်​အင်း မနက်​ဖြန်​မှ"

ရုံးခန်းထဲမှ ယွီပင်း​ပြေးထွက်​သွား​တော့သည်​။

ဝမ်​ကျိုးချန်​​ဘောပင်​ကိုက်​ကာ ယွီပင်း​ပြေးထွက်​သွားသည်​ကို ကြည့်​​နေလိုက်​သည်​။ဒီ​ကောင်​ဘာဖြစ်​တာလဲ.....။

အ​မောတ​ကော ​ပြေးလာသည့်​ ယွီပင်းကို လျိုယိ့ဖိန့်​ ဘုကြည့်​ကြည့်လိုက်​သည်​။ရှေ့တွင်​ ရပ်​ကာ ​မောဟိုက်​​နေသည့်​ ယွီပင်းကိုအကြည့်​လွှဲလိုက်​သည်​။

"ဘာဖြစ်​လာတာလဲ"

"နင်​သိ​နေတယ်​မှတ်​လား"

ထိတ်​လန့်​မှုနှင့်​​မောဟိုက်​မှု​ရောစပ်​ကာ ​မေးလိုက်​သည့်​ ယွီပင်း၏ ​မေးခွန်းကို ခနဲ့တဲ့တဲ့ပြုံးရင်း လျိုယိ့ဖိန့်​ ပြန်​​ဖြေလိုက်​သည်​။
"​အော်​ ရိ​ပေါ် အလုပ်​တတ်​မယ့်​ကိစ္စလား အင်း ငါသိ​နေတယ်​"

"ငါသတိ​ပေးထားမယ်​ယိ့ဖိန့်​ မင်း ရိ​ပေါ်နဲ့ ​ဝေး​ဝေး​နေပါ"

"သူအိမ်​​ထောင်​ရှိ​တော့ ဘာအ​ရေးလဲ"

ထိတ်​လန့်​မှု၏ Level ပို၍မြင့်​တတ်​သွားရ​တော့သည်​။
"လျို့ယိ့ဖိန့်​!"

ရွဲ့​စောင်း​နေသည့်​ အပြုံးက ပို၍ထင်​ရှားလာကာ ​ဘေးရှိ ယွီပင်းကို မျက်​လုံး​ထောင့်​မှ ကြည့်​လိုက်​သည်​။
"ငါ​ပြောမယ်​ ယွီပင်း နင်​လဲနင့်​ဘဝနင်​​ရွေးချယ်​လို့ရသလို ငါလဲငါ့ဘဝငါ ​ရွေးချယ်​မှာပဲ ငါ့ကိုလာမတားနဲ့"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Onde histórias criam vida. Descubra agora