Part 69 💚❤ (Wang Yangxing & Wang Qiyi)

15.3K 1.5K 136
                                    

💓

Wang Yangxing & Wang Qiyi

💚❤

"​သောက်​မလား"

ဝမ်​​ယောင်​ရှိ လက်​ထဲတွင်​ ပါလာသည့်​ ဝိုင်​ခွက်​ကို ဝမ်​ချီရီအား ​ကမ်း​ပေးလိုက်​တယ်​ ။ ဒီခါးဆိမ့်​ဆိမ့်​ အရသာကို တ​ယောက်​ထဲ ခံစားလာရတာ ​တော်​​တော်​ ကြာလာပြီ​လေ ။ ​သောက်​ဖို့ဆွယ်​မိတဲ့ လူကလဲ အသက်​မပြည့်​​သေးတဲ့ ကိုယ့်​​မြေး​လေး ။ နည်းနည်း​တော့ ပြုံးမိပါရဲ့ ။

"ကျွန်​​တော်​ အသက်​မပြည့်​​သေးဘူး"

လိုချင်​တဲ့စကားကို ချက်​ချင်းဆိုသလိုရသွားတာ​ကြောင့်​ ဝမ်​​ယောင်​ရှိပြုံးလိုက်​တယ်​ ။ သားတုန်းက အနီးကပ်​ မ​နေ​ပေး မ​ပြော​ပေးနိုင်​တဲ့ စကား​တွေကို ​မြေးအကြီးဆုံးကို ​ပြောရ​တော့မယ်​ ။

"အင်း မင်း အသက်​မပြည့်​​သေးဘူး ဒါ​တွေ​ကြောင့်​ မင်းမသိတာ​တွေအများကြီးပဲ ချီရီ"

ဝမ်​ချီရီ နားစွင့်​​နေလိုက်​သည်​ ။ သူမှ ပြန်​​ပြောဖို့စကားမရှိဘူး ။ နားမ​ထောင်​ချင်​​သော်​လည်း သူ့မှာသွားစရာဆိုလို့ ဒီတ​နေရာပဲရှိတယ်​​လေ ။

"မင်းမ​မွေးခင်​ ဖြစ်​ပျက်​ခဲ့တာ​တွေက အများကြီးပါ ဒါ​ကြောင့်​လဲ ​ရှောင်းကျန့်​က ရိ​ပေါ်အတွက်​ မင်းတို့ကို ​မွေး​ပေးတာ​ပေါ့"

"ဘာလို့ ကျွန်​​တော်​ဖြစ်​​နေရတာလဲ"

"​ရွေးချယ်​လို့မရနိုင်​တဲ့ အရာ​တွေက အများကြီးပဲချီရီ မင်းတဖက်​ကပြန်​​တွေးကြည့်​စမ်း ​​ရှောင်းကျန့်​​ရဲ့ဗိုက်​ထဲ မင်းက ဘာလို့ ဝင်​လာရတာလဲ သူကဘာ​လေး​မွေးလာလာ ချစ်​မယ်​ဆိုပြီး အမ်​ထရာ​ဆောင်း​တောင်​မရိုက်​ခဲ့ဘူး ဒီလို​တွေးရင်​ မင်းကသူ့ကို​ရွေးချယ်​လိုက်​တာဖြစ်​သွားပြီ"

"အဲ့အချိန်​တုန်းက ကျွန်​​တော်​အသိဥာဏ်​​တောင်​ရှိရဲ့လား"

ဟုတ်​တာ​ပေါ့ အသိဥာဏ်​မဝင်​​သေးတဲ့အချိန်​ပဲ​လေ ။ ဘယ်​သူ့အမှားလို့ဆိုနိုင်​မှာလဲ ။

"မင်းလဲ ဒီအ​ဖေနှစ်​​ယောက်​ကို ​ရွေးချယ်​ခဲ့တာမဟုတ်​သလို သူတို့နှစ်ေ​ယာက်​ကလဲ မင်းဖြစ်​ပါ​စေဆိုပြီး​ရွေးချယ်​ခဲ့တာမဟုတ်​ဘူးချီရီ ကံကြမ္မာက ​​ပေါင်းဆုံ​ပေးလိုက်​ရုံ​လေးပါ"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now