Part 82 💚❤ (Endless love 💛)

13.3K 1.5K 208
                                    

💓

Endless love 💛

💚❤

ဝမ်​ရိ​ပေါ်တ​ယောက်​ ​ရှောင်း​ကျန့်​ကို ​ရှောင်​​နေတာ သုံးရက်​ရှိပြီ ။ ​ကျန်​တာအကုန်​အဆင်​​ပြေပင်​မယ့်​ နှစ်​​ယောက်​ထဲရှိတဲ့အချိန်​​တွေဆိုရင်​ ဝမ်​ရိ​ပေါ်စကားစ​မ​ပြော​ပေ ။

သူ ဘာဖြစ်​​နေတာလဲ ..... ။

ပိတ်​ရက်​ဖြစ်​တာ​ကြောင့်​ အိမ်​တွင်​ မိသားစု ငါး​ယောက်​ လူစုံ​နေတယ်​​ပေါ့ ။ အရင်​က​တော့ က​လေး​တွေကိုသာ ဦးစား​ပေး​မေး​နေကြ စကားကို အခု ဝမ်​ရိ​ပေါ်ကို ဦးစား​ပေး ​မေးရ​တော့မည်​ ။

သူ့ကို​ရှောင်​ပြီး ခြံထဲ ဆင်း ထိုင်​​နေသည့်​ ဝမ်​ရိ​ပေါ် အနားသို့ သွားကာ ​နောက်​က သိုင်းပတ်​လိုက်​ပြီ ဝမ်​ရိ​ပေါ်၏ ပုခုံး​ပေါ်ကို ​ရှောင်းကျန့်​ ​မေး​တင်​လိုက်​တယ်​ ။

ကျောပြင်​မှာ ​နွေး​ထွေးသွားတာ​ကြောင့်​ ဝမ်​ရိ​ပေါ်လက်​ပြန်​ဖက်​ရန်​ လက်​ပြင်​လိုက်​မိတယ်​ ။ မဖြစ်​​သေးဘူး ရိ​ပေါ် မင်းစိတ်​ထိန်းစမ်း ..... ။ လက်​ထဲရှိ ဖုန်းကိုသာ အားထည့်​ကိုင်​ထားလိုက်​တယ်​ ။  ဝမ်​ရိ​ပေါ် တုတ်​တုတ်​မျှ မလှုပ်​သလို ပြန်​လဲ ​မ​မေး ။

"ရိ​ပေါ် ဒီ​နေ့ ကိုကို ဘာချက်​​ပေးရမလဲ"

"ရီ​အော့စန်းကို ​မေး​လေ"

"ဒီ​နေ့​တော့ ရိ​ပေါ်​လေး​ပြောပါ"

ချော့​နေတာ ​ချော့​နေတာ မ​ပျော့နဲ့စမ်း ဝမ်​ရိ​ပေါ် ..... ။ ဝမ်​ရိ​ပေါ်တ​ယောက်​ ကိုယ့်​နှုတ်​ခမ်းကို ကိုယ်​ ဖိကိုက်​ထားလိုက်​ရတယ်​ ။ ​နောက်​မှရှိတဲ့ ​သူ့လူသား မမြင်​လိုက်​တာ ကံ​ကောင်းတယ်​လို့ဆိုရမှာပဲ ။

"အိမ်​မှာ ရှိတာချက်​"

"နည်းနည်း​လေး ကူမလုပ်​​ပေးချင်​ဖူးလား"

ဝမ်​ရိ​ပေါ် အသက်​မပါစွာထလိုက်​တယ်​ ။ သိုင်းဖက်​ထားသည့်​ ​ရှောင်းကျန့်​ရဲ့လက်​​တွေကို ဖြုတ်​ချလိုက်​ပြီး .....
"ဘာလုပ်​​ပေးရမှာလဲ"

"ရုပ်​ကဘာဖြစ်​​နေတာလဲ ​နေမ​ကောင်းဘူးလား"

နဖူးကို စမ်း​တော့မည့်​လက်​ကို ဝမ်​ရိ​ပေါ် ​ရှောင်​လိုက်​တယ်​ ။ ​ရှောင်းကျန့်​လက်​က​လေး ​လေထဲတွင်​ပင်​ ရပ်​တန့်​သွား​တော့သည်​ ။ ​သေချာပြီ ဒါသူ့က​လေး သူ့ကိုစိတ်​ဆိုး​နေတာ ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now