Part 135 💚❤ (He was smile even though in pain)

5.4K 862 102
                                    

💓

He was smile even though in pain

💚❤

"အ ... ချီစန်း ဟုတ်​တယ်​ အဲ့နား အ​ပေါ်နည်းနည်းတတ်​ ​အေး​အေး ... အ ... အ ​နောက်​နည်းနည်းပြန်​ဆင်း အဲ့​နေရာမဟုတ်​ဘူး ဘယ်​ဘက်​ ဘယ်​ဘက်​တိုး"

"မင်းဒီ​နေ့ပြီး​ရော ပြီးမှာလား ဝမ်​ချီ​အော့"

"ချီစန်းရာ ကုတ်​​ပေးစမ်းပါကွာ ငါ့​သွေးထဲများ အဆိပ်​ဝင်​သွားလားမသိဘူး ယားလိုက်​တာဆိုတာ ​သွေးထွက်​ရင်​ထွက်​ပါ​လေ့​စေ ကုတ်​သာကုတ်​စမ်းပါ"
ဝမ်​ချီ​အော့ရဲ့ယားယံမှု​တွေက ခန္ဒာကိုယ်​အတွင်းထဲအထိစိမ့်​ဝင်​​နေတယ်​ ။ ဝမ်​ချီစန်းလဲ တဖြီးဖြီးနဲ့ ​ကျောကုန်းကို ကုတ်​​ပေးလိုက်​သည်​ ။
"အာ့​ကြောင့်​ ပါးပါး​ဆေးလိမ်း​ပေးမယ်​​ပြောတုန်းက ဘာလို့မလိမ်းတာလဲ"

"​ကျောင်းလာရမယ်​​လေကွာ ​ဆေးနံ့​တွေနဲ့ဆိုရင်​ ဘယ်​လိုလုပ်​အခန်းထဲအဆင်​​ပြေမှာလဲ"
သူတို့ခပ်​လှမ်းလှမ်းမှာ ထိုင်​ပြီး​ဆေးလိပ်​​သောက်​​နေတဲ့ ဝမ်​ချီရီအနားကို ရှာ့ထျန်းရှီ ​ရောက်​လာခဲ့သည်​ ။ သူတို့ကိုမြင်​ပုံမရတဲ့လူရဲ့လက်​ထဲမှာလဲ အညို​ရောင်​ ​လေး​ထောင့်​ဗူး​လေးကို ​ကျောဘက်​တွင်​ဝှက်​ကာ ထား​သေးသည်​ ။
"ချီစန်းရာ ကြည့်​​နေပြီး ကုတ်​လဲရတာကို ကုတ်​​ပေးစမ်းပါကွာ"

အမှန်​​တော့ ဝမ်​ချီစန်းထက်​ကို ဝမ်​ချီ​အော့က စပ်​စုချင်​​နေတာပါ ။ ​သစ်​ပင်​အကွယ်​မှာ ထိုင်​​နေတဲ့ ဝမ်​ချီရီက​တော့ သူ့အနား​ရောက်​လာတဲ့ရှာ့ထျန်းရှီကို ဂရုစိုက်​မိပုံမရ ။
"Hello Mr.ချီရီ​ဆေးလိပ်​​တွေ​သောက်​ပြန်​ပြီလား ​ကောဘာ​ပြောထားခဲ့လဲ​ရော မှတ်​မိပါတယ်​​နော်​"

လက်​ထဲက ​မီးစွဲ​နေတဲ့​ဆေးလိပ်​ကို ဝမ်​ချီရီ​တောက်​ချကာ​ခြေဖြင့်​နင်းလိုက်​သည်​ ။ ရှာ့ထျန်းရှီက​တော့ ပုံမှန်​အတိုင်းအပြုံး​တွေက ​တောက်​ပဆဲ ။
"မင်းအတွက်​"
ပါလာတဲ့ဗူးကို ဝမ်​ချီရီကို​ပေးတယ်​ ။
"ဘာလဲ"

"ဖွင့်​ကြည့်​​လေ"
ရှေးရိုးဆန်​တဲ့ နာရီ​လေးတလုံး ။ နာရီသိပ်​ပတ်​​လေ့မရှိတဲ့ ဝမ်​ချီရီအတွက်​ အလုပ်​ကြီးတခုလိုပတ်​ရ​တော့မှာလား ။
"ဒါနဲ့ ဒီတခါ​တော့ ခွင့်​လွှတ်​လိုက်​မယ်​ ​နောက်​တခါ​တော့ ​ကောမင်းကို အလွတ်​မ​ပေးဘူး​နော်​"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Onde histórias criam vida. Descubra agora