Part 101 💚❤ (There shouldn't be secret)

11K 1.3K 81
                                    

💓

There shouldn't be secret

💚❤

9:30 PM

ဝမ်​ရိ​ပေါ် အလုပ်​လုပ်​​နေရင်း ဖုန်းမှ Alarm မြည်​လာတယ်​ ။ သူ ဖုန်း​ကို ​ကောက်​ကိုင်​ကာ Alarm ကို ပိတ်​လိုက်​သည်​ ။ ဒီ Alarm သံက သူ့လူသားကို အချိန်​​ပေးဖို့အတွက်​ ။

ဒီ​လောက်​ အလုပ်​လုပ်​ပြီးရင်​ ရပြီ ....... ။

ခဏ​လောက်​ ဆက်​လုပ်​ရင်​ ပြီး​တော့မည့်​ ​စာရင်းကို​တောင်​ ဝမ်​ရိ​ပေါ် ဆက်​မလုပ်​​တော့ပဲ ဒီအတိုင်းသာ ရပ်​ထားခဲ့လိုက်​သည်​ ။ သူအချိန်​​တွေမဖြုန်းချင်​ဘူး ။ ဝမ်​ရိ​ပေါ်ဆိုတဲ့ လူက သူ့လူသားကို အချိန်ေ​ပးဖို့​တောင်​ Alarm ​ပေးထားသည့်​ လူမျိုးပါ ။ ဒါကို​တော့ ​ရှောင်းကျန့်​ သ​ဘောမ​တွေ့ ။

ကုတင်​​ပေါ်မှ ​ခြေ​ထောက်​ဆင်းကာ စာအုပ်​ဖတ်​​နေသည့်​ ​ရှောင်းကျန့်​လည်း မသိမသာ ဝမ်​ရိ​ပေါ်ကို ခိုးကြည့်​လိုက်​သည်​ ။ Alarm ပိတ်​ပြီး သူ့ဘက်​လှည့်​လာသည့်​ ဝမ်​ရိ​ပေါ်​ကြောင့်​ အမြန်​ပင်​ စာအုပ်​ကို ပြန်​ကြည့်​လိုက်​သည်​ ။
ခိုးကြည့်​တာ လူမိသွား​လေမလား ။ ​ရှောင်းကျန့်​ ​ချွေးပင်​ ဆို့သွားခဲ့သည်​ ။

သူ့အနားကို ​ခြေသံတိတ်​ ​လျှောက်​လာခဲ့တဲ့ သူ့က​လေးကို ​ရှောင်းကျန့်​နားစွင့်​လို့​နေမိသည်​ ။

ရှောင်းကျန့်​အနားတွင်​ ဝမ်​ရိ​ပေါ် ထိုင်​လိုက်​ပြီး ......
"ကိုကို"

"အင်း"

"ကိုကိုလို့"

"အင်း" ​ရှောင်းကျန့်​ စာအုပ်​ကိုသာ အာရုံစိုက်​​နေဟန်​ဖြင့်​ ဝမ်​ရိ​ပေါ်ကို ​မကြည့်​​ပေ ။

"ကိုကို​ရေ"

"ဝမ်​ရိ​ပေါ် မင်းဘာဖြစ်​​နေတာလဲ"

စိတ်​ဆိုးမ​ပြေ​သေးသည့်​ ​ရှောင်းကျန့်​ကိုကြည့်​ကာ
ဝမ်​ရိ​ပေါ် သ​ဘောကျစွာ​ပြုံးလိုက်​သည်​ ။ ထို့​နောက်​ .....

"ကိုကို စိတ်​ဆိုးရင်​ ခိုးကြည့်​တာ​လေးက ဘာလို့အဆစ်​​ပါ​နေရတာလဲ"

"ငါ ငါ ... ငါ ဘယ်​တုန်းက ခိုးကြည့်​လို့လဲ"

ရှောင်းကျန့်​လက်​ထဲမှ စာအုပ်​ကို ဝမ်​ရိ​ပေါ်မျက်​စ ပစ်​ပြလိုက်​သည်​ ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now