Part 147 💚❤ (This feeling is not good)

4.6K 820 36
                                    

💓

This feeling is not good

💚❤

နောက်​တ​နေ့ကို စတင်​ပြန်​ပြီး ...
ထုံးစံအတိုင်း အလုပ်​မသွားမီ ​ကျောင်းမသွားမီအချိန်​က​လေးမှာ​ ...
မနက်​စာစား​နေကြရင်း ​ပြော​နေတဲ့စကားဝိုင်းက
အ​ဖေနှစ်​​ယောက်​ ခရီးသွားမယ့်​အ​ကြောင်း​တွေ ...
"ဘယ်​​နေ့စသွားသင့်​လဲ​" ဆိုတာဝမ်​ရိ​ပေါ်​မေးလိုက်​​တော့
ဝမ်​ချီရီက မနက်​ဖြန်​စသွားကြဖို့ တိုက်​တွန်းတယ်​ ။

ရှောင်းကျန့်​က ...
"မင်းရဲ့ကန့်​အတွက်​​ရော ပါးပါးဘာလုပ်​​ပေးခဲ့ရမလဲ"
ထိုအခါ ဝမ်​ချီရီက ​ခေါင်းခါတယ်​ ။ ထုံးစံအတိုင်း ​ကျောပိုးအိတ်​ထဲ အဝတ်​နှစ်​စုံ​လောက်​သာ ထည့်​ပြီး သွားဖို့ဆုံးဖြတ်​ထားပုံရသည်​ ။
"ဒီအ​ခေါက်​ကဘာအတွက်​လဲ"
ရှောင်းကျန့်​​မေးသည့်​​မေးခွန်းကို ဝမ်​ချီရီ စဉ်းစားဖို့အချိန်​အ​တော်​ကြာယူလိုက်​ရတယ်​ ။
"ပြိုင်​ပွဲရှိလို့ပါ ပါးပါး"
အကဲခတ်​တဲ့ အကြည့်​​တွေ​ကြောင့်​ ဝမ်​ချီရီ ဒီစားလက်​စထမင်းဝိုင်းမှ မသိမသာထ​ပြေးတယ်​ ။
"ကျွန်​​တော်​ဝပြီး"
ဒါကို နားလည်​တဲ့ ဝမ်​ရိ​ပေါ်က​တော့ ...
"ကိုကိုစိတ်​ချလို့ရပါတယ်​ သူဘာမှမဖြစ်​ပါဘူး"

"မင်း​ပြော​တော့လွယ်​လိုက်​တာရိ​ပေါ်ရာ"

"ကျွန်​​တော်​​မေးပါ့မယ်​" သူပါ ထမင်းဝိုင်းမှ ထကာ ထမင်းစားခန်းမှထွက်​လာခဲ့တယ်​ ။ ဒီလူသားစိတ်​​တွေမ​လေးလံဖို့က သူ့ဘဝအိပ်​မက်​ထဲ တစိတ်​တပိုင်းထဲပါ​နေသည်​ ။

"ချီရီ​နေ​ဦး"
မျက်​လုံး​တွေလွှဲ​ရှောင်​​နေတဲ့ ဝမ်​ချီရီကို ဝမ်​ရိ​ပေါ်မနည်းကြည့်​ယူရတယ်​ ။ ပုံမှန်​လိမ်​​နေတာနဲ့မတူ​အောင်​ ဒီက​လေး မမူထူးလို့​နေသည်​ ။
"ပါးပါးကို​ပြော"

"ကန့်​မဟုတ်​ဘူးပါးပါး ကျွန်​​တော်​အိမ်​မှာပဲ​နေမှာပါ ပြိုင်​ပွဲက​တော့တကယ်​ရှိလို့"

"အန္တရာယ်​ရှိလား"
ဝမ်ရိေ​ပ်ါသင်​ခိုင်းခဲ့မိတဲ့ martial artsဆိုတဲ့ ကိုယ်​ခံပညာက သူတို့ကို သူ​တို့ ကာကွယ်​ဖို့အတွက်​ ။ ဒီသား​တွေက ဒါကိုတလွဲဆံပင်​​ကောင်း​နေကြပြီလား ... ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now