Part 148 💚❤ (The day of the re-honeymoon)

4.8K 877 29
                                    

💓

The day of the re-honeymoon

💚❤

လေယာဉ်​​ပေါ်​ရောက်​တာနဲ့ ​ရှောင်းကျန့်​​ရဲ့ ပုခုံးကို မှီကာ ဝမ်​ရိ​ပေါ် ​မှေးလိုက်​သည်​ ။
ဒီက​လေးအခုတ​လောအရမ်းချွဲ​နေတယ်​ ။
အရမ်းလဲ လူကပ်​လာတယ်​ ။
သူအသက်​ကြီးသွားလို့လား ။

ဟုတ်​ပါတယ်​ ၊ တ​နေ့တခြား အသက်​​တွေကြီးလာတာနဲ့အမျှ သူတို့ခွဲခွာရ​တော့မယ့်​ အချိန်​ကလည်း တ​ဖြေး​ဖြေးနီးကပ်​လာခဲ့တယ်​ ။ သူ့ပုခုံး​ပေါ်​မှီ​နေတဲ့ ဝမ်​ရိ​ပေါ်ရဲ့​ခေါင်းကို ခပ်​ဖွဖွ ပုတ်​​ပေးပြီး ဖတ်​လက်​စ သတင်းစာကို ပြန်​ပြီးဖတ်​​နေလိုက်​သည်​ ။

သိပ်​မကြာပါဘူး ...
"ကိုကို"

"အင်း"

"ကျွန်​​တော်​အိပ်​ချင်​လို့"

"အိပ်​​လေ"

"​ရောက်​ရင်​နှိုး"
သူ့ရဲ့ခါးကို ဝမ်​ရိ​ပေါ်ကခပ်​တင်းတင်းဖတ်​လာတယ်​ ။ သုံးနာရီကြာ​အောင်​ စီးရတဲ့ ခရီးလမ်းမှာသူတို့ တိတ်​ဆိတ်​ခဲ့မိသည်​ ။ ချစ်​​ကြောင်း​တွေ​ပြော​နေဖို့ထက်​ တ​ယောက်​အနားတ​ယောက်​ရှိ​နေရင်​ပဲ ပြည့်​စုံပြီးဆိုတာကို သူတို့ ဘယ်​အချိန်​ကစပြီး လက်​ခံမိသွားကြတာလဲ ။

တရက်​​နေလို့ ချစ်​တဲ့အ​ကြောင်း တခွန်းဆို တခွန်းမှ မ​ပြောဖြစ်​ကြ​တော့ပင်​မယ့်​ တ​ယောက်​အနား တ​ယောက်​ရှိ​နေကြတယ်​ဆိုတဲ့အသိကပဲ သူတို့ရဲ့​ရှေ့ဆက်​ရမယ့်​​နေ့ရက်​​တွေအတွက်​ အားအင်​တခုဖြစ်​လာ​စေခဲ့တယ်​ ။

ကိုယ့်​ရဲ့မနက်​ဖြန်​တိုင်းမှာ သူရှိ​နေဖို့အ​ရေးကြီးသလို
သူ့ရဲ့မနက်​ဖြန်​တိုင်းမှာလည်း ကိုယ်​ကအ​ဖော်​ပြုချင်​မိ​နေတုန်း ။

ကိုယ့်​အတွက်​ သူကအ​ရေးပါပြီး
သူ့အတွက်​ ကိုယ်​ကအ​ရေးမပါ​​တော့မှာကိုလည်း
သူတ​ဖြေး​ဖြေး​ကြောက်​လာမိတယ်​ ။

တ​ဖြေး​ဖြေး သူ့ကိုစိတ်​ပျက်​သွားမလား ... ။

သူ့ကသာ အလိုလိုက်​​နေတာ
ဒီက​လေးက အလိုလိုက်​တယ်​မထင်​ပဲ
လျစ်​လျူရှုထားတယ်​လို့များထင်​​နေ​လေမလား ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now