Part 175 💚❤ (I like everything about you.)

3.9K 676 121
                                    

💓

I like everything about you.

💚❤

ကျောင်းအမြန်​ဆင်းချင်​​နေသည့်​လူက နာရီတကြည့်​ကြည့်​ ။
ခုမှ ​နေ့လည်​တ​ထောက်​နားချိန်​ဆို​တော့
ကျောင်းဆင်းမယ့်​အချိန်​​ကလည်းအများကြီးလို​နေ​သေးသည်​ ။
ကျောင်းခန်းထဲမှာ​တော့ စာသင်​ရလို့ မ​ပျော်​တာထားဦး​တော့
အခုလိုအချိန်​မှာ​တောင်​ သူပျင်းရိ​နေတယ်​ဆို​တော့ ...
အလွမ်းဓာတ်​ခံ​ကြောင့်​လား ???
ကျောင်းသား​ခေါင်း​ဆောင်​ဖြစ်​သည့်​သူကိုယ်​တိုင်​က
ကျောင်းလာ​နေရသည်​ကို​တောင်​ တတ်​တတ်​ကြွကြွမရှိ​တော့သည်​အထိ
အချစ်​က သူ့အတွက်​ စွမ်းအားကြီးလွန်း​နေပြီလား ။

အရင်​လို ​အတန်းသား​တွေနဲ့ ရုတ်​စုရုတ်​စု​တွေလည်း မ​နေဖြစ်​​တော့ ။
အုပ်​စုလိုက်​​လျှောက်​သွား​နေရင်​​တောင်
သူလမ်း​လျှောက်​နှုန်း​တွေက တတ်​တတ်​ကြွကြွမရှိတာ​ကြောင့်
သူသည်​ ​နောက်​ဆုံးမှာသာ ကျန်​​နေခဲ့သည်​ ။

"ရှန်းလူ"

"ဘာလဲ ဘာလဲ"

"ငါတို့ ... "

"သွား ငါမလိုက်​​တော့ဘူး"

ဘယ်​ဆီကိုလည်းဆိုသည်​ကို​တောင်​ သူနားမ​ထောင်​ဖြစ်​ပဲ
စကားဖြတ်​ကာသာ ​တ​နေရာကို တ​ယောက်​ထဲသာ ထွက်​လာခဲ့သည်​ ။
နှင်း​တွေကို ​ခြေ​ထောက်​နဲ့ကန်​ရင်း
အလိုလိုစိတ်​တို​နေသည့်​သူ့ကို တခြား​သောသူ​တွေက ...
"သူငါတို့ကိုစိတ်​ဆိုး​နေတာလား"

"မဖြစ်​နိုင်​တာ သူကစိတ်​ဆိုးခဲပါတယ်​"

အ​ဆောင်​​ဟောင်း​ဘေး
သူငုတ်​တုတ်​က​လေးထိုင်​ရင်း မြက်​​တွေ​ပေါ်တင်​ကျန်​​နေသည့်​ ​ရေ​​ငွေ့​တွေကို သူလက်​နဲ့​တောက်​​နေလိုက်​သည်​ ။ မ​တွေ့ဖြစ်​ကြတာ ဘယ်​နှရက်​​တောင်​ရှိ​နေပြီလဲ ။ ရှစ်​ရှန်းလူ လက်​ချိုး​ရေမိသည်​ ။

တံတိုင်းကပဲ နိမ့်​သွားတာလား ...
သူကပဲ ​ခြေ​ထောက်​ရှည်​လာတာလား ... ။
ကျောင်းဝန်းတံတိုင်းကို သူ​​ကျော်​တတ်​လိုက်​သည်​ ။
ခြေဦးမလှည့်​သည်​က နှစ်​နှစ်​ပြည့်​​တော့မည့်​ ဒီ​ကျောင်းကို
ဝမ်​ချီရီ တဖန်​ပြန်​ကာ ​ခြေချဖြစ်​သည်​ ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Tempat cerita menjadi hidup. Temukan sekarang