Part 37 💚❤ (YB's Intervention)

18K 1.4K 128
                                    

💓

💚❤

အိမ်​တံခါး ကို ခပ်​ကြမ်းကြမ်း တွန်းကာ အရှိန်​ဖြင့်​ ဝင်​လာသည့်​ ဝမ်​ရိ​ပေါ်။

အောက်​ထပ်​ တထပ်​လုံးတွင်​ ကိုကို ဆိုသည့်​ ​ခေါ်သံများဆူညံ့​နေ​တော့သည်​။

"​စော​စော စီးစီးဘာဖြစ်​​နေတာလဲ"

မျက်​မှန်​ကို လက်​ကိုင်​ပုဝါဖြင့်​ ပွတ်​ရင်း တလှမ်းချင်း ဆင်းလာသည့်​ ဟွမ်​ကျိုးရင်​ ကို ဝမ်​ရိ​ပေါ်စိတ်​မ​ရှည်​​တော့​တာ​ကြောင့်​ ​လှေကားထစ်​များကို ​ကျော်​ခွကာတတ်​လိုက်​သည်​။

"မားမား ကိုကို​ရော"

"အာ ကျန့်​ကျန့်​က ညကပဲ က​လေး​တွေလာ​ခေါ်သွားတယ်​​လေ လူ​တော့မ​တွေ့လိုက်​ဘူး စကား​ပြောသံ​တော့ကြားလိုက်​​တာပဲ"

မဟုတ်​ဘူး......ဒီ​လောက်​ဖြစ်​စရာမလိုဘူး​လေ........။

ဝမ်​ရိ​ပေါ် ဘာလုပ်​ရမှန်းမသိတာ​ကြောင့်​ ဝမ်​ကျိုးချန်​ကို သာဖုန်း​ခေါ်​တော့သည်​။

"ရိ​ပေါ် မင်းတို့ ရန်​ဖြစ်​တာလား ကျန့်​ကျန့်​က အိမ်​မှာမရှိဘူးလား က​လေး​တွေ​ရော"

"မားမားရာ ခဏ​လေး ကျွန်​​တော်​ကို လွှတ်​ထား​ပေးပါ ကျွန်​​တော်​ ပြန်​​ခေါ်လာ​မှာပါ"

"ဝမ်​ရိ​ပေါ် မင်း ဘာလုပ်​လို့ ဒီ​လောက်​​အေးတဲ့က​လေးက ထွက်​သွားရတာလဲ"

ဝမ်​ရိ​ပေါ် ပြန်​မ​ပြောမိပါ။ဖုန်းကို သာ ဆက်​တိုက်​​ခေါ်​နေ​တော့သည်​။တဖက်​မှ ဖုန်းကိုင်​လိုက်​သည်​နှင့်​.....

"ကျိုးချန်​ ဘယ်​မှာလဲ ကိုကို မင်းနဲ့အတူရှိ​နေတာမှတ်​လား"

"​အေး"

"ငါရှင်းပြမယ်​ ကျိုးချန်​"

"​ရှောင်းကျန့်​က အခု မင်းကိုမ​တွေ့ချင်​ဘူးတဲ့ရိ​ပေါ် မင်းစိတ်​ပူစရာမလိုဘူး"

"ကျိုးချန်​ ကျိုးချန်​ ခဏ"

တဖက်​မှ ဖုန်းချသွားတာ​ကြောင့်​ ဝမ်​ရိ​ပေါ်​ဒေါသထွက်​ကာ ​လှေကားလက်​ရန်းကို ထိုးလိုက်​မိသည်​။လက်​က နာကျင်​မှုက နှလုံးသားရဲ့နာကျင်​မှုကို​တော့ ဘယ်​ယှဉ်​နိုင်​မလဲ​နော်​။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Donde viven las historias. Descúbrelo ahora