💓
13-year-old boys💚❤
"နည်းနည်းပါးပါး စောစောစီးစီး ထပြီးတော့ ကူညီမယ်လို့ကိုမရှိဘူး အိပ် အိပ်နိုင်လွန်းတယ်"
ထမင်းစားခန်းထဲတွင် ရှောင်းကျန့်သောင်းကျန်းနေလေပြီ ။ ကလေးတွေ အသက် ၁၃နှစ်ရောက်ပြီ အခုထိ ကိုယ့်ပန်းကန် ကိုယ်မဆေးချင်ကြသေးပေ ။ အစစ အရာရာ လိုက်လုပ်ပေးနေရတုန်း ။
"Morning ပါးပါး"
"အိပ်ရာသိမ်းခဲ့လား"
ဝမ်ချီရီ ၏ မနက်ခင်းနှုတ်ဆက်သံကို ရှောင်းကျန့် ပိတ်ခါ မေးလိုက်တော့ မနက်စာ စားခါနီး ဝမ်ချီရီ၏ လက်တွန့်သွားတော့သည် ။
"ကျောင်းချိန်နဲ့ ကပ်ပြီးမှ ထတယ် ပြီးရင် ကျောင်းကားမှီတယ်လို့ကိုမရှိဘူး ကားခကို အလကားသွားသွားပေးနေတာ ဘယ်တော့မှ စောစောမထဘူး အိပ်ရာလဲမသိမ်းဘူး မနက်စာပြင်ပေးရတာလဲငါပဲ အိပ်ရာသိမ်းပေးရတာလဲငါပဲ ဈေးဝယ်လဲငါပဲ ချက်တာပြုတ်တာလဲငါပဲ အခုအရွယ်ထိ အင်္ကျီ ထုတ်တာက အစ ငါက လိုက်လုပ်ပေးနေရတုန်း"
ထမင်းစားခန်းထဲမှ အသံက အိပ်ခန်းထဲအထိ တိုးဝင်လာတာကြောင့် ဆံပင် စုတ်ဖွားဖြစ်နေသည့် ခေါင်းကို ကုတ်ကာ ဝမ်ရိပေါ် အိပ်ရာမှ ထရတော့သည် ။ ကိုယ်အောက်ပိုင်းကို သဘက်ပက်ကာ ထမင်းစားခန်းထဲ ဝင်လာရတော့တယ် ။
"ကိုကို ကျွန်တော် ဘာလုပ်ပေးရမလဲ"
"ဘာမှမလုပ်ပေးနဲ့ အလုပ်သွားရမယ်မှတ်လား ရေချိုးတော့ ဘယ်တော့မှ ကူဖော်လောင်ဖက်ကို မရဘူး"
"ကျွန်တော် ဘာ ..... "
"ခုချိန်မှ ထတော့ မင်းက ဘာလုပ်ပေးနိုင်မှာလဲ နည်းနည်းပါးပါး စောစော စီးစီး ထပါလား"
ညကကိစ္စကို မကျေနပ်၍ ဒီမနက် သောင်းကျန်း နေသည်လားလို့ပင် ဝမ်ရိပေါ် ထင်ကာ ပြန်မပြောပဲ ထမင်းစားခန်းထဲမှ အကျောဆန့်ကာ အမြန်ပင် ပြန်ထွက်သွားတော့သည် ။ ဒါကိုတောင် လက်သုတ်ဝတ်ဖြင့် မီအောင် ရှောင်းကျန့် ပစ်ပေါက်လိုက်သေးသည် ။
YOU ARE READING
Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)
RomanceTitle - Family with lots of love 💚❤ ( Until you fall in love's season II ) ( Part 1 to 190) A wonderful family of three twins and two fathers . Main couple - Wang Yibo & Xiao Zhan Three twins - Wang Qiyi , Wang Qier ,Wang Qisan Ty...