Part 119 💚❤ (How to welcome a man back home)

7.7K 1K 110
                                    

💓

How to welcome a man back home

💚❤

မိုးရွာပြီးခါစ ​ကောင်းကင်​ကို မှန်တံခါးမှတဆင့်​ ​သူ​မော့ကြည့်​လို့​နေတယ်​ ။ တိမ်​မဲ​တွေက ​ပျောက်​ကွယ်​မသွား​သေးဘူး ။ ခဏ​လောက်​ ​လေငြိမ်​ပြီးရင်​ ဒီမိုးက ပြန်​ရွာနိုင်​​လောက်​​သေးသည်​ ။

စားပွဲတင်​ဖုန်းက​ မြည်​လာခဲ့တယ်​ ။ အလုပ်​အ​ကြောင်းဆိုရင်​ သူလုံးလုံးကို မကြားချင်​တာ​ကြောင့်​ ပြတင်း​ပေါက်​​နေရာက​နေ ​ဖြေး​ဖြေးချင်းသာ ဖုန်းအနားကို ​လျှောက်​သွားလိုက်​တယ်​ ။

ပထမ အဝင်​ဖုန်းက ကျသွားပင်​မယ့်​ ဝမ်​ရိ​ပေါ် ပြန်​မ​ခေါ် ။ စားပွဲကိုမှီကာ ဖုန်းအနားတွင်​ သူ​စောင့်​​နေလိုက်​တယ်​ ။ ဖုန်းသံ နှစ်​ချက်​မြည်​မှ ​ကောက်​ကိုင်​လိုက်​သည်​ ။

"ငါ ၄ရက်​​နေ့ပြန်​မယ်​ စီစဉ်​​ထား"

တဖက်​က အတွင်း​ရေးမှူးရဲ့စကား​ကို​တောင်​ နားမ​ထောင်​ပဲ သူ​ပြောလိုက်​မိသည်​ ။ အရာအားလုံးထက်​အ​ရေးကြီးတာက သူ့လူသားဆီ သူပြန်​ဖို့ ။ သူ့လူသား ဖုန်းကလည်း စက်​ပိတ်​ထားတယ်​ ။ ရာသီဥတုကလည်း ဒီရက်​ပိုင်း ​အေးတယ်​ ။ က​လေး​တွေနဲ့သူ့လူသား က ကျန်းမာ​ရေးသိပ်​​ကောင်းတာမဟုတ်​ဘူး ။

ဘာရယ်​မဟုတ်​ပဲနဲ့ ထို​နေရာမှာပဲ သူ​ငေး​ငေးငိုင်​ငိုင်​​လေး ဆက်​ထိုင်​​နေလိုက်​သည်​ ။ တတိယအဝင်​ဖုန်း​ကြောင့်​ ဝမ်​ရိ​ပေါ် ဖုန်းကိုင်​လိုက်​တယ်​ ။

"ဥက္ကဌ ​လေးရက်​​နေ့က မုန်​တိုင်းရှိလို့ ၃ရက်​​နေ့ ညပိုင်းထဲက ​လေယာဉ်​​တွေထွက်​ခွင့်​မရှိ​တော့ဘူး​လို့ ​ပြောပါတယ်​ ၅ရက်​​နေ့ယူလိုက်​ရမလား"

ပြောထားတဲ့​နေ့မှ ပြန်​မ​ရောက်​ရင်​ သူ့လူသားက သူ့ကိုစိတ်​ထက်​ဆိုးဦးမယ်​ ။ အိမ်​ထဲ​တောင်​ အ​ဝင်​ခံပါ့မလား ။

"ဒါဆို မနက်​ဖြန်​​"

"ဟုတ်​ကဲ့"

"မနက်​ပိုင်း ​စော​စော​"

ကိုကို့စကား နားမ​ထောင်​တာမဟုတ်​ဘူး​နော်​ ... ။
ရာသီဥတု​ကြောင့်​ ကျွန်​​တော်​​စောပြန်​လာရတာ ... ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now