Part 153 💚❤ (They are growing up)

4.8K 832 36
                                    

💓

They are growing up

💚❤

အထက်​တန်းစီနီယာနှစ်​ရဲ့ ​​ဆောင်းဦးမှာ ...
သူတို့သုံး​ဦး ၁၈နှစ်​ပြည့်​ကြတယ်​ ။
ဆောင်းဦး ...
ဒီ​အချိန်ေ​​ဆာင်းဦးမှာ နှင်း​တွေမကျ​သေးဘူး ။
လှုပ်​လှုပ်​ရှားရှား​နေလိုက်​တိုင်း ​ချွေးတအားထွက်​တဲ့သူတို့သုံးဦးက
ကြက်​​သွေး​ရောင်​ ​ကျောင်းဝတ်​စုံအ​ပေါ်ကုတ်​​တွေကို ချွတ်​ကာ စီစီရီရီ​လေး စားပွဲရှည်​​ပေါ် တင်​ထားကြသည်​ ။
ပိန်​ပိန်​ပါးပါးကိုယ်​ခန္ဒာ​ကြောင့်​ ရှပ်​အဖြူ​လေး​တွေက​တောင်​ ပွ​ယောင်း​ယောင်း ။ ဆွဲ​ဆောင်​မှုရှိတဲ့ ​ယောက်ျားသားသုံး​ဦးဆိုရ​င်​ ပိုမှန်​​လေမလား ။ အရပ်​​တွေလဲ သူများထပ်​ပိုရှည်​လာကြပြီ ။ ​ခြေတံရှည်​လက်​တံ​ရှည်ေ​တွကလည်း မိန်းက​လေး​တွေရဲ့ အမြင်​အာရုံကို ဆွဲ​ဆောင်နိုင်​သည်​ ။
"​ကောင်း​ကောင်း​ဆေး"
အပျို​ဖော်​ဝင်​စ မိန်းက​လေးတဦးက သူတို့သုံး​ယောက်​​ရှေ့ သစ်​သား​ပေတံတ​ချောင်းကို ကိုင်​ကာ ဟို​လျှောက်​ဒီ​လျှောက်​နဲ့ ဟိုရမ်းဒီရမ်း ။

ပန်းကန်​​ဆေး​နေရင်း မျက်​​စေ့​နောက်​လာတာ​ကြောင့်​ ထိုမိန်းက​လေး​အား ဝမ်​ချီစန်း ​အော်​လိုက်​သည်​ ။
"ပု​လွေ့! အိမ်​မြန်​မြန်​ပြန်​ချင်​ရင်​ မင်းပါဝင်​​ဆေး​ပေးပါလား"

ဝမ်​ပု​လွေ့က မျက်​​စောင်းခပ်​ကြီးကြီးကို ထိုးကာ ဝမ်​ချီစန်းကို ပြန်​ကြည့်​သည်​ ။
"အစ်​ကိုတို့ရယ်​ မင်းတို့ထပ်ပြီး ပြသနာရှာလို့ မင်းတို့အပြစ်​​ပေးခံရတာ​လေ ငါတို့နှစ်​​ယောက်​က ဘာမဆိုင်​ညာမဆိုင်​နဲ့ အိမ်​ပြန်​​နောက်​ကျရ​ရော​လေကွာ အဲ့​တော့ မင်းတို့ကသာ ငါ့ကိုအားနာရမှာမဟုတ်​ဘူးလား ​နောက်​ပြီး​တော့ ငါကမင်းတို့အ​ဒေါ်​နော်​ နှစ်​နှစ်​​လောက်​က​လေးငယ်​တာကို မရိုမ​သေမလုပ်​နဲ့"

ကျောင်းသား​တွေစား​သောက်​ခဲ့တဲ့ ပန်းကန်​​တွေကို သူတို့သုံး​ယောက်​ ထိုးကြိတ်​ကာ ​ဆေး​နေတဲ့အချိန်​ ဝမ်​ပု​လွေ့က​တော့ သူတို့ကို ​စောင့်​ကြည့်​​နေသည့်​လူ ။ ဝမ်​ပု​လွေ့​ဘေးက ဝမ်​ကျိုးယွဲ့က အိမ်​မပြန်​ရ​သေးတာ​ကြောင့်​ သူတို့ကို​စောင့်​ရင်း အိမ်​စာ​တွေထိုင်​​ရေး​နေသည်​ ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Donde viven las historias. Descúbrelo ahora