Part 133 💚❤ (The storm has begun)

5.5K 892 84
                                    

💓

The storm has begun

💚❤

မနက်​ခင်း​စော​စော အိမ်​မကြီးရဲ့တံခါးမှာ တဒုန်းဒုန်းနဲ့မြည်​လာသည်​ ။ ​ကျောင်းပို့ခါနီးဖြစ်​​တဲ့ ​ရှောင်းကျန့်​ကချက်​ချင်းဖွင့်​လိုက်​​တော့ ဝမ်​ရိ​ပေါ်ရဲ့အတွင်း​ရေးမှူးဆိုသူက ​တောင့်​​တောင့်​ကြီးရပ်​​နေတယ်​ ။
"ဆရာ​ရှောင်း ဥက္ကဌက ​ခေါ်ခိုင်းလိုက်​လို့ပါ"

"ဥက္ကဌ?? ရိ​ပေါ်လား"

ထိုအခါ
အတွင်း​ရေးမှူးက ပါလာတဲ့ ဖိုင်​ထဲက ​လေယာဉ်​လက်​မှတ်​ကိုထုတ်​ကာ ​ရှောင်းကျန့်​ရဲ့လက်​ထဲကို ထည့်​​ပေးသည်​ ။ လက်​ထဲ​ရောက်​လာတဲ့ အဖြူ​ရောင်​​လေယာဉ်​လက်​မှတ်​ကို ​ရှောင်းကျန့်ြ​ကည့်​ကာ ​တောက်​တချက်​​ခေါက်​ပြီး သက်​ပြင်းလည်းချလိုက်​​သေးသည်​ ။
"တ​စောင်​ထဲလား"

"ဟုတ်​ပါတယ်​ ဆရာ​ရှောင်း"

"အဲ့​လောက်​စိတ်​မချဖြစ်​​နေရင်​ဒါမပို့နဲ့ လူကိုယ်​တိုင်​ပြန်​လာခဲ့လို့ သူ့ကို ပြန်​​ပြောလိုက်​ပါ"
အတွင်း​ရေးမှူးရင်ဘတ်​ကို လက်​ထဲကစက္ကူအိတ်​နဲ့ကပ်​ကာ တွန်းဖယ်​လိုက်​ပြီး ကားစီးကို ​ရှောင်းကျန့်​ တည့်​မတ်​စွာ​လျှောက်​သွားသည်​ ။ ​ရှောင်း​ကျန့်​​နောက်​က လိုက်​ထွက်​လာတဲ့ အမွှာသုံး​ယောက်​က ဝမ်​ရိ​ပေါ်ရဲ့အတွင်း​ရေးမှူးကို မျက်​လုံးတဖက်​စီမှိတ်​ပြတယ်​ ။

~*~*~~~*~*~

အချိန်​မဆိုင်း
ကား​မောင်း​နေတုန်းမှာပဲ ​ရှောင်းကျန့်​ဆီကို ဖုန်းဝင်​လာခဲ့တယ်​ ။ ပထမအဝင်​​call ​ရှောင်းကျန့်​မကိုင်​ ၊ ဒုတိယ ၊ တတိယ ... အကြိမ်​​ပေါင်းများစွာဖြစ်​လာ​တော့ ဝမ်​ချီ​အော့ဆီကို ဝမ်​ရိ​ပေါ်တလှည့်​​ခေါ်လိုက်​သည်​ ။ ဖုန်းကိုင်​မယ့်​အရိပ်​အ​ယောင်​မြင်​​တော့ ...
"ပြီးရင်​ငါ့ကိုလာထိုးမ​ပေးနဲ့​ချီ​အော့"
ဝမ်​ချီ​အော့ ကိုင်​ရမလို ချရမလိုဖြစ်​​နေတဲ့အချိန်​ ဖုန်းပြန်​ကျသွားခဲ့တယ်​ ။

က​လေး​တွေကိုတလှည့်​ဆီ​ခေါ်တယ်​ ၊ ဘယ်​သူမှမကိုင်​လဲ ဝမ်​ရိ​ပေါ် ဆက်​​ခေါ်တယ်​ ။

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now