Part 78 💚❤ (Cuckolding?)

10.9K 1.3K 165
                                    

💓

Cuckolding?

💚❤

"ဂုဏ်​ယူပါတယ်​ဗျာ DNA က က​လေးအ​ဖေဖြစ်​​ကြောင်းမှန်​ပါတယ်​"

ရှောင်းကျန့်​ရဲ့ယုံကြည်​မှု​ပေးမှု​တွေ ဆုံးရှုံးလိုက်​ရပြီလား ။ နားရှိလို့သာကြားရတာ သူမယုံကြည်​နိုင်​ဘူး ။

လုပ်​ရက်​တယ်​ကွာ ........ ။

ဒီ လုပ်​ရက်​တယ်​ဆိုတဲ့ စကားထက်​​တောင်​ ပိုပြီး ​ပြောသင့်​တာ ။

ဆရာဝန်​ကမ်း​ပေးတဲ့စာရွက်​ကို ​ရှောင်းကျန့်​ယူပြီး ဘာမှမ​ပြောပဲ အပြင်​သာ ထွက်​ခဲ့လိုက်​တယ်​ ။ ဖြစ်​ပြီးပြီပဲ ဘာတတ်​နိုင်​မှာတဲ့လဲ ..... ။
ရှောင်းကျန့်​ မင်းသူ့ကိုချစ်​တယ်​ဆို သမီးတ​ယောက်​လိုချင်​​တယ်​ဆို ​​မွေးသင့်​တယ်​မထင်​ဘူးလား ...... ။

ရှောင်းကျန့်​​တွေးရင်​သာ အခန်းပြင်​ပြန်​ထွက်​ခဲ့လိုက်​တယ်​ ။ အံ့ဩရုံမှတပါး သူ​ပြောစရာ စကားမရှိ​တော့​ပေ ။

အခန်းပြင်​မှာ ​စောင့်​​နေတဲ့ ဝမ်​ရိ​ပေါ်က​တော့ ဝမ်​ပု​လွေ့ကို ငုတ်​တုတ်​ထိုင်​ ကြည့်​​နေ​တော့သည်​ ။ တူတာမှ ​တော်​​တော့်​ကို တူတာ ။ ​ရှောင်းကျန့်​ထွက်​လာတာမြင်​​တော့ .....

"ကိုကို ဘာတဲ့လဲ"

"ကိုယ့်​ဟာကို ဖတ်​ကြည့်​"

ဝမ်​ရိ​ပေါ် ဖတ်​ကြည့်​​ပြီး ပြုံးလိုက်​တယ်​ ။
"ကျွန့်​​တော့်​က​လေးမဟုတ်​ပါဘူးလို့ ကိုကို့ကို ​ပြောသားပဲ"

ရှောင်းကျန့်​အံ့ဩစွာပင်​ ဝမ်​ရိ​ပေါ်ကို ကြည့်​မိလိုက်​တယ်​ ။
သူ ပြုံး​နေတာလား .....။

"ဝမ်​ရိ​ပေါ် ဟိုက က​လေးအ​ဖေလို​ပြောလိုက်​ပြီးတာ​တောင်​ မင်းက ငြင်း​နေတာလား .... "

ဝမ်​ရိ​ပေါ် ပြာပြာသလဲ စာရွက်​အထပ်​လိုက်​ကို ပြန်ဖတ်​ကြည့်​တယ်​ ။ မဖြစ်​နိုင်​တာ ။ ဘာကိစ္စ ဒီလို ​ပြောတာလဲ ။ ​ပြောတဲ့လူက ဆရာဝန်​​ရော ဟုတ်​ရဲ့လား ။

"ဘာ​ပြောတာ 83% တူတာနဲ့ သားအဖ ဖြစ်​​ရောလား အဲ့ ပါ​မောက္ခ စာ​ရော တတ်​ရဲ့လား ဒါက အလုပ်​သင်​ ဆရာဝန်​​တွေ​တောင်​ သိတဲ့နှုန်းကြီး​လေ ဒါကို ကိုကိုက ယုံ​ရောလား"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now