Part 61 💚❤ (Martial arts)

14.9K 1.4K 76
                                    

💓

💚❤

Martial arts

"ရိ​ပေါ် မအိပ်​​သေးဘူးလား"

တခန်းလုံး​မှောင်​မဲ​နေ​သော်​လည်း ပက်​လက်​လှန်​ကာ ဖုန်းသုံး​နေသည့်​ ဝမ်​ရိ​ပေါ်ရဲ့မျက်​နှာမှာ​တော့ ဖုန်း screen အလင်း​ကြောင့်​ ထင်​ရှားလို့​နေ​တော့သည်​ ။

"ကိုကိုနိုးသွားတာလား လာ ကျွန်​​တော်​ဖက်​ထား​ပေးမယ်​"

နှစ်​​ယောက်​ထဲအိပ်​သည့်​ အိပ်​ရာ​ပေါ်မှာ​တော့ အရင်​ကထက်​ ပူးကပ်​​နေ​တော့သည်​ ။

"ဘယ်​အချိန်​ရှိပြီလဲ အခုထိမအိပ်​​သေးဘူး"

"ဘာမှမဟုတ်​ပါဘူးကိုကိုရာ ဟိုရှာဒီရှာ​ပေါ့"

"အိပ်​​တော့"

"ကျွန်​​တော်​အိပ်​မရလို့ အာ့​ကြောင့်​"

ဝမ်​ရိ​ပေါ်၏မျက်​နှာကို အ​မှောင်​ထဲတွင်​ ​ရှောင်းကျန့်​ ဟိုစမ်းဒီစမ်းလုပ်​လိုက်​သည်​ ။ လက်​​ချောင်းသွယ်​သွယ်​များဖြင့်​ နှုတ်​ခမ်းမှ နှာ​ခေါင်းတ​လျှောက်​တတ်​သွားကာ မျက်​လုံးအ​ရောက်​​တွင်​ မျက်​ခွံကို လက်​​​ချောင်းများ​ဖြင့်​ ဆွဲချကာ ​ရှောင်းကျန့်​ ပိတ်​လိုက်​သည်​ ။

"မရဘူးအိပ်​​တော့"

"လုပ်​ပါဗျာ တခါထဲပါ"

💚❤

ရှောင်းကျန့်​မျက်​လုံးပွင်​ပွင့်​ခြင်း နာရီကြည့်​လိုက်​သည်​ ။

8:30 AM

အာ ​နောက်​ကျပြီ ...... ။

"အ!"

တခါထဲဆိုတိုင်း အမှတ်​မရှိ ယုံ​နေ​သေးတာလား​ရှောင်းကျန့်​ရာ မင်းက​လေးအ​ကြောင်းမင်းမသိဘူးလား .......။

"ကိုကို မထနဲ့ဦး ဒီ​နေ့​တော့ အိမ်​မှာနားလိုက်​ ကျွန်​​တော်​ပဲလိုက်​ပို့လိုက်​မယ်​"

"ဖြစ်​ပါ့မလား မင်းက မိန်းက​လေး​တွေနဲ့စကားမ​ပြောတတ်​ဘူး​လေ သား​တွေ​ရော အ​ဖေ​ရောပါ ​ကျောင်းမှာရန်​ဖြစ်​​နေဦးမယ်​"

"ဟဟ ကိုကိုရယ်​ ကျွန်​​တော်​မဆိုး​တော့ပါဘူးဗျာ ပြန်​အိပ်​​တော့ ကျွန်​​တော်​ရုံး​ရောက်​မှ ဖုန်းဆက်​မယ်​ အဲ့ကျမှထ"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now