Part 179 💚❤ (Secret love hurts 💔)

3.9K 626 207
                                    

💓

Secret love hurts 💔

💚❤

ဆူညံလှသည့်​ နှလုံးခုန်​သံ​တွေကို နားဆင်​ရသည်​ကိုလည်း သူသ​ဘောကျပါ၏ ။ ဝမ်​ချီရီကိုယ်​ထဲမှ သူတိုးထွက်​ကာ ​မေးလိုက်​သည်​ ။
"ဒီ​နေ့ကစပြီး​လေ
ငါမင်းကို ​ယောက်ျားလို့​ခေါ်လို့ရလား"

စကားသံရဲ့အဆုံးသတ်​မှာ
အရာအားလုံးသည်​ တိတ်​ဆိတ်​လို့သွား၏ ။
သူနား​ထဲ ကြား​ယောင်​​နေသည့်​ ရင်​ခုန်​သံ​တောင်​မှ​ပေါ့ ။

ပျက်​ယွင်းခါနီးဆဲဆဲမျက်​နှာတခု၏ အဆုံးသတ်​ကို သူမမြင်​လိုတာ​ကြောင့်​ ရှစ်​ရှန်းလူမျက်​နှာလွှဲကာ စိတ်​မပါပဲ အခန်းထဲကို ​ဝေ့ဝဲကာ ကြည့်​ရင်​ ထပ်​​ပြောလိုက်​သည်​ ။
"​စော​သေးတယ်​မှတ်​လား
ငါက ဒီအတိုင်း ... "

"ချစ်​သူ"
တိုးတိတ်​သည့်​ ​ခေါ်သံ၏ အကျိုးဆက်​သည့်​ ရှစ်​ရှန်းလူ၏ နှလုံးအိမ်​အား နာကျင်​​စေသည်​ ။ ထိကိုင်​လာခြင်းလည်းမရှိ ​ပွေ့ဖက်​​ပေးခြင်းလည်း မရှိလာ​တော့ သူခံစားချက်​ကို ပိုပြီးပြင်းထန်​​စေသည်​ ။
"မင်းမ​ခေါ်ခိုင်းလည်း ငါ​ခေါ်မှာပဲ
အဲ့ဒါ​ကြောင့်​ ​ခေါ်ခိုင်းမှာလား မ​ခေါ်ခိုင်းဘူးလား"

ဝမ်​ချီရီသက်​ပြင်းတချက်​ချကာ ပြုံးမိရသည်​အထိ သူ့ချစ်​သူက ဂျစ်​ကန်​ကန်​​လေး ။ သူ​မွေ့ယာကို ပုတ်​ပြကာ ​ခေါ်လိုက်​သည်​ ။
"ဒီမှာ ခဏလာထိုင်​ဦး"

သူ့ချစ်​သူသည်​ သူ့စကားနှင့်​ဆန့်​ကျင်​ဘက်​ကိုသာ ပြုလုပ်​၏ ။ သူထိုင်​ခိုင်းသည်​ကို မထိုင်​ပဲ ကုတင်​​ပေါ်ပစ်​လှဲသည်​ ။ အိပ်​ရာ၏သုံးပုံနှစ်​ပုံကိုလည်း အပိုင်​စားယူ၏ ။ ပြုံးရယ်​ပြမ​နေပင်​မယ့်​ သူ့ချစ်​သူ၏ မျက်​လုံးနက်​နက်​​တွေက ​တောက်​ပ​နေတယ်​ ။ ​ပျော်​ရွှင်​မှု အရိပ်​အ​ယောင်​​များစွာဖြင့်​ ခြုံငုံ​နေသည့်​ သူ့ချစ်​သူကို ကြည့်​ကာ သူသည်​လည်း ​ဘေးမှဝင်​လှဲမိ​တော့ သူ့ချစ်​သူသည်​ သူ့ကိုတွယ်​ဖက်​လာ၏ ။ သူ့ရင်​ခွင်​ထဲကိုအတင်းတိုးတယ်​ ။ တင်းကျပ်​စွာလည်း ဖက်​ထားတယ်​ ။

"ခဏ​လေး"

"ဘာလဲ မင်းအိပ်​ရာဆိုပင်​မယ့်​ ငါတဝက်​ပိုင်​သွားပြီ"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Onde histórias criam vida. Descubra agora